အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,748
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာရေ အပင်တွေကတော့ရှယ်လှနေပါပြီ မနေ့ကမိုးရွာလိုက်တော့ ပိုအိုစကေသွားတယ် ကြည့်ရတာ စိတ်ချမ်းသာရတယ်ဗျ အသီးတင်ဖို့...

ဆရာရေ အပင်တွေကတော့ရှယ်လှနေပါပြီ မနေ့ကမိုးရွာလိုက်တော့ ပိုအိုစကေသွားတယ် ကြည့်ရတာ စိတ်ချမ်းသာရတယ်ဗျ အသီးတင်ဖို့ပဲလိုတော့တယ် ၃ ပုံမြောက်ကို ကြည့်ပေးပါအူးဆျာ အရွက်လေးတွေ အဲ့ပုံစံ ၃ / ၄ ပင်လောက် တွေ့နေရလို့ ဖြုတ်စိမ်းတွေ ကြီးတဲ့ပိုးကောင်တွေ သေတာတွေတွေ့ရတယ် ဟို ရွက်ထွင်းကောင်တွေကတော့အတော် နှိမ်ရတာခက်သကို အပင်အများစုမှာမရှိတော့ပါဘူး တစ်ပင်တစ်လေပဲ ကျန်တော့တယ်အဲ့ကောင်လေးတွေက အခင်းထဲ သွားရင်ကို စိတ်ချမ်းသာနေရလို့.. ဆရာ့ကိုတင်ပြတာပါဗျ.. ၃ ပုံမြောက်လေးတော့ကြည့်ပေးအူးဆျာ မှိုတွေဘာတွေ ဖြစ်နေမှာစိုးလို့ဆရာရေ..

Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

348,307 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စိုက်ခင်းကသဲဆန်မြေဖြစ်တာကြောင့် နေပူရာကနေ မိုးရွာသွန်းလိုက်တာကြောင့် အရွက်လိပ်ခြင်းဖြစ်ပေါ်သွားတာပါဗျ၊ရောဂါကြောင့်မဟုတ်ပါဗျ၊ အမိုင်နိုအက်စစ်အားဆေးဖျန်းပေးရင် ရပါတယ်ဗျ။

348,307 လွန်ခဲ့သော ၁ နှစ် က

မိုးကဆက်လက်ရွာနိုင်ခြေရှိပါက အပင်ခြေရေမဝပ်စေရန်အထူးသတိပြုပါဗျ

348,307 လွန်ခဲ့သော ၁ နှစ် က

ရောဂါကြောင့်အရွက်လိပ်တာမဖြစ်နိုင်ပါဘူးဗျ၊ နေပူရာကနေမိုးရွာလို့ဖြစ်သွားတဲ့ (Physical Disorder)ဖြစ်နိုင်ပါတယ်ဗျ၊ ပန်းများများပွင့်ရန်အတွက် အမိုင်နိုအက်စစ်နှင့် ဟော်မုန်းအားဆေးများ၊အပင်အားဆေးများကို ၇-၁၀ရက်ခြားအလှည့်ကျဖျန်းပေးပါဗျ၊ပန်းပွင့်ချိန်ရောက်နေပြီမို့ ပိုးသတ်ဆေးဖျန်းချင်ရင် အပင်ဆေးမလောင်အောင် အဆီဖိတ်လိုပိုးသတ်ဆေးပဲဖျန်းပေးပါဗျ။ဖျက်ပိုးကို အမြဲစစ်ဆေးနေပါဗျ၊ပိုးဆေး/မှိုဆေးမလိုအပ်ရင် ဖျန်းစရာမလိုပါဘူးဗျ။

You

ဆက်စပ်မေးခွန်းများ

ဆရာကြီးခင်ဗျ ပုံလေးတွေ ကြည့်ပေးပါအူး မနေ့က မက်တယ်လဇီး ၂၅ ဖျန်းလိုက်တယ်ဆရာ ခရမ်းချဥ်အပင်ပေါက်တွေ ဆိုးကျိုးရှိ...

ဖြေကြားချက် 2 ခု

စစိုက်ဘာဆေးသုံရမလည်း

ဖြေကြားချက် 7 ခု

ဆရာ မိုးရွာပြိဆိုတော့လေ အပွင့်တွေလဲဝင်နေပိဆိုတော့ ကွန်ပေါင်း ထပ်ကျွေးဖို့လိုသေးလားခင်ဗျ ဆရာ့လဲမေးရတာအားနာနေပါ...

ဖြေကြားချက် 7 ခု

အပွင့်ထဲမှာတော့ ပိုးရှိမနေဘူးဆရာ အပွင့်အပေါ်လေးတွေမှာတော့ တွေ့နေကျပိုးလေးတွေတွေ့ရပါတယ် မများပါဘူးခင်ဗျ မနေ့က...

ဖြေကြားချက် 2 ခု

ဆရာအပွင့်တွေ အသီးကင်းမပါပဲ ကန်းကုန်လို့ ဘာများမှားသွားလဲ ဆရာ ဖြဲ ကြည့်တော့လဲ ပွင့်သီးရှာ် တစ်ကြိမ် ထူးကောင်း...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။