သံပုရာပင် မိုးများ ရေနစ်ပြီး အရွက်တွေဝါလာလို့ ကိုင်းဖျားတွေလည်း ခြောက်လာတယ်။ ဘာဆေးတွေ ဖျန်းဖို့လိုမလဲ လမ်း...
သံပုရာပင် မိုးများ ရေနစ်ပြီး အရွက်တွေဝါလာလို့ ကိုင်းဖျားတွေလည်း ခြောက်လာတယ်။ ဘာဆေးတွေ ဖျန်းဖို့လိုမလဲ လမ်းညွှန်ပေးပါဆရာကြီးခင်ဗျ
သံပုရာပင် မိုးများ ရေနစ်ပြီး အရွက်တွေဝါလာလို့ ကိုင်းဖျားတွေလည်း ခြောက်လာတယ်။ ဘာဆေးတွေ ဖျန်းဖို့လိုမလဲ လမ်းညွှန်ပေးပါဆရာကြီးခင်ဗျ
အရမ်းဆိုးရွားစွာဝါခြောက်သွားတဲ့အပင်ကတော့ အမြစ်တွေအားလုံးပုပ်သွားနိုင်တာကြောင့် သေနိုင်ပါတယ်၊ ဆေးဖျန်းပြီးအရွက်အသစ်များ အရောင်ပြောင်းလဲတိုးတက်မှုရှိမရှိစောင့်ကြည့်ပါဗျ
foestyl Al + dimethomorph ပါတဲ့ စတားလက် မှိုဆေးဖျန်းထားပါတယ်ခင်ဗျ။ အနည်းလိုအာဟာရ ရွက်ဖျန်းဖျန်းဖို့ဝယ်ထားပါတယ်။ ကိုင်းဖျားတွေပါခြောက်ပြီး တဖြည်းဖြည်း ဝါနေတာ ။ပြန်တော့ကောင်းနိုင်သေးလားခဗျ
ကျေးဇူးပါခဗျာ
အပင်ခြေရေမဝပ်အောင်ရေထုတ်ပေးပါ။ Boron,Zn,Mn,Fe,Mgပါသော အနည်းလိုအဟာရရွက်ဖျန်းအားဆေးဖျန်းပေးပါ။ အောက်စီဂျင်ယှဉ်ပြိုင်မှုသက်သာစေရန် အပင်နားတစ်ဝိုက်ပေါင်းများရှင်းပေးပါ။ အမြစ်ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်ရန် ဟူးမစ်အက်စစ်ပါသော မြေဩဇာကျွေးပေးပါ၊ အမြစ်ပုပ်ခြင်းကာကွယ်ရန် အပင်ခြေအဓိကထားပြီး Foestyl -Al, Metalaxy မှိုသတ်ဆေးတမျိုးမျိုးပက်ဖျန်းပေးပါဗျ။
ဆက်စပ်မေးခွန်းများ
21.10.2024ရက်စိုက်ထားတာပါ ပြုစုစောင့်ရှောက်နည်းလေးသိချင်ပါတယ် ရေဘယ်ချိန်လိုအပ် အခုရက်စိုက်ထားတာပါ လမ်းညွန်ကျ...
ဖြေကြားချက် 4 ခု
၅ နှစ် သက်တမ်းရှိ သံပုယို ပင်များ ကို လွန်ခဲ့သော ၂ နှစ်ကတကြိမ် ကိုင်းများဖြတ် ထားပါတယ် ယခု အပင်ကိုင်းများ အလွ...
ဖြေကြားချက် 4 ခု
သံပုရာ သီးနဲ့ အရွက်တွေမှာ သံချေးရောင် အပြောက်တွေဖြစ်နေတာ များလာလို့ ဘာဆေးဖျန်းသင့်လဲဆရာတို့ခင်ဗျာ။
ဖြေကြားချက် 2 ခု
သံပုရာသီးတွေမှာ ပုံထဲကလို အပွေးတွေတက်တာ ပိုးကြောင့်လားခင်ဗျ။သင့်တော်တဲ့ဆေးညွှန်ပေးပါဆရာခင်ဗျ
ဖြေကြားချက် 2 ခု
ကျွန်တော်တို့ဒေသမှာ သံပုရာပင် စီးပွားဖြစ်စိုက်မို့ အဆင်ပြေနိုင်လား
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။