ဖြေကြားချက် ၄ ခု
လှေးပိုးအကောင်များမတွေ့ရတော့ခြင်း၊လှေးပိုးကြောင့် အရွက်တွန့်တာမျိုးဆက်လက် မဖြစ်တော့ခြင်းဆိုရင်နိုင်တယ်လို့ယူဆရပါမယ်ဗျ။ Nအချိုးများ P,Kအချိုးနည်း အားဆေးနှင့် အနည်းလိုအဟာရများဖြစ်တဲ့ Ca,Boron,Zn တို့လိုအားဆေးများကို အပင်ပန်းမပွင့်ခင်၂ကြိမ်လောက်ဖျန်းပေးသင့်ပြီး၊အသီးပွင့်အားဆေးP,Kအချိုးများအားဆေးကိုပန်းစပြချိန်မှစ၍ ၂ကြိမ်လောက်ဖျန်းပေးသင့်ပါတယ်ဗျ။ဘိုရွန်များများပါအားဆေးကို အပင်ငယ်စဉ်မှာသို့မဟုတ်ပန်းစပြချိန်မှာ ဖျန်းပေးသင့်ပါတယ်။
အသီးကင်းလေးတွေခြောက်ရခြင်းအကြောင်းတရားများစွာရှိပါတယ်ဗျ။ သဘာဝပတ်ဝန်းကျင်အပူချိန်မြင့်လို့ ပန်းပွင့်ခြောက်တာအသီးခြောက်တာ၊ ပိုး၊ရောဂါတစ်မျိုးမျိုးကျရောက်လို့ အသီးကင်းတွေခြောက်နိုင်ပါတယ်။ အဟာရမပြည့်ဝလို့အသီးကင်းတွေလည်းခြောက်နိုင်ပါတယ်။ ပုံပါအရတော့ သီးတောင့်ထိုးပိုးများကျနေတာမြင်ရသလို၊ ရောဂါအချို့ကျနေတာကိုလည်းမြင်တွေ့ရပါတယ်ဗျ၊ဘိုရွန်အဟာရချို့တဲ့တာလည်းမြင်တွေ့ရပါတယ်။ ရောဂါနှင့်ပိုးကျရောက်မှုမများဘဲအသီးကင်းခြောက်တာဆိုရင်တော့ ပဲစိုက်တောင်သူတိုင်းအဖြစ်များတယ့် ဘိုရွန်လိုအဟာရချို့တဲ့ခြင်းကြောင့် ပန်းပွင့်ဝတ်မှုန်ကူးနိုင်မှုအားနည်းပြီးအသီး မအောင်မြင်တာမျိုးဖြစ်နိုင်ပါတယ်ဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော်ရဲ့ပဲတီစိမ်းခင် အရွက်တွေကုတ်နေပြီး အရွဉ်နဲ့ရိုးတန်က မဲပြီးခြောက်နေတယ် ဘာဖြစ်လို့လဲဘာဆေးသုံးရမလဲ အကြံ...
ဖြေကြားချက် 2 ခု
ဆရာတို့ ပဲတီစိမ်းအပွင့်မှာမဲနေပြီး အတွင်းထဲမှာ ပိုးကောင်အနက်သေးသေးလေးတွေ တွေ့နေလို့ ဘယ်လိုဆေးအမျိုးစားကို...
ဖြေကြားချက် 2 ခု
လှေးအနက်တေကျနေလို့ ဘာဆေးသုံးရမှာလဲခင်ဗျ
ဖြေကြားချက် 2 ခု
လှေးနဲ့ပွင့်ထွေးပိုးအတွက်ပိုးသတ်ဆေးလေးပြောပြပါဆရာတို့
ဖြေကြားချက် 2 ခု
ပဲတီစိမ်းခင်း အပင်ငယ် ၁၅ ရက်သားခန့် လှေးပိုး ကို သဘာဝပိုးပြေးဆေးနဲ့ နိုင်နို်ပါသလား
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ