ဖြေကြားချက် ၁ ခု
အပင်အားဆေးတွေကတော့ NPKရွက်ဖျန်းအားဆေးများနှင့် မြေဩဇာများကျွေးပေးခြင်း၊အနည်းလိုအဟာရရွက်ဖျန်းအားဆေးများနှင့်အမိုင်နိုအက်စစ်အားဆေးဖျန်းပေးခြင်း၊ ဂျစ်ဆမ်မြေဩဇာကျွေးခြင်းများကို အပင်အခြေအနေပေါ်မူတည်ပြီး ၁၀ရက်မှ၁၅ရက်ခြားဖျန်းပေးသင့်ပါတယ်၊ ပိုး/ရောဂါကာကွယ်ဖို့ထက်ရောဂါကျမကျ အမြဲစောင့်ကြည့်ပါ၊ဘာပိုး/ရောဂါမှမကျရင်ဖျန်းစရာမလိုပါဘူးဗျ၊ အကယ်၍မှိုဆေးတစ်ခါမှမဖျန်းရသေးရင် သို့မဟုတ်မိုးအရမ်းရွာပြီး အစိုဓာတ်များလို့ ရောဂါဖြစ်နိုင်ခြေများရင်တော့ Mancozeb, Copper oxychloride တစ်မျိုးမျိုးဖျန်းပက်ကာကွယ်လို့ရပါတယ်ဗျ၊ရေနှင့်အဟာရကိုသာလုံလောက်မျှတစွာပေးပြီး ပိုး၊ရောဂါကျမကျအမြဲစစ်ဆေးနေရမှာပါဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာ့ နောက် ၇ ရက်နေရင် အမိုင်နိုတစ်မျိုးပဲ ဖျန်းခိုင်းတာလား. နောက်တစ်ခုကတော့ အခြား ခရမ်းချဥ်စိုက်ခင်းသူငယ်ချင်း...
ဖြေကြားချက် 2 ခု
ဆရာကြီးခင်ဗျ ၁ ။ ခရမ်းချဥ်ပျိုးအိတ် ပထမပုံက Jul 14 ရက်နေက ရိုက်ထားတဲ့အပင်အနေထားဖြစ်ပါတယ်ခင်ဗျ ၂ ။ ခရမ်းချဥ်...
ဖြေကြားချက် 3 ခု
ဆရာကြီးခင်ဗျ ခရမ်းချဥ်သီးလေး ကြည့်ပေးပါအူး တစ်ခိုင်းကို အပွင့် 7 ပွင့် 8 ပွင့်လောက်ရှိတယ် အတာကိုမှအသီးတင်တာ 3...
ဖြေကြားချက် 2 ခု
အပင်တွေကြည့်ပါအူးဆရာရ ရှယ်မိုက်နေရော အပေါ် အပွင့်တွေအသီးတင်အောင် အခုပဲ ကယ်မက်ဟက် 3 ဇွန်း ပွင့်သီးရှယ် တစ်ထုတ်...
ဖြေကြားချက် 2 ခု
ဆရာခရမ်းချဥ်အပွင့်တေ အသီးမလိုက်လို့ဆရာ ရှေ့ ၃ ရက်လောက်က မက်တလဇီးတစ်မျိုးတညိးဖျန်းထားတယ်ဆရာ အပင်အားကောင်းနေလို့...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ