စပါးပင်အောက်ခြေမှာအသားတတ်လေးတွေကအနီရောင်ဖြစ်ပြီးခြောက်နေလို့ဘာဆေးလေးသုံးသင့်လဲဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၆၄ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- ပင်စည်
ပိုတက်စီယံချို့တဲ့လို့ ဖြစ်တဲ့သဘောပါ။ ပိုတက်ခ်ျနဲ့ ဂျစ်ဆန်နဲ့ ရောပက်ပေးပါ။ရေစပ်စပ်ထားပါ။
ပုံကဒီထက်ရှင်းလင်းစွာမြင်ရရင်တော့ အတိအကျဖြေကြားပေးနိုင်မှာပါခင်ဗျာ။ ပင်စည်မှာ အမဲရောင်အကွက်ဖြစ်နေတာလားသို့မဟုတ်ရွှံ့တွေကပ်နေတာလားတော့မသိဘူးဗျ ပင်စည်မှာနီညိုရောင် အကွက်လေးတွေတွေ့ရရင်တော့ ပင်စည်ပုပ်ရောဂါကြတာဖြစ်နိုင်ပါတယ် Propiconazole, Tebuconazole +Trifloxystrobin,Carbendazim, Azoxystrobin, ဆေးတစ်မျိုးမျိုးဖျန်းပေးပါဗျ
ဆက်စပ်မေးခွန်းများ
ရွက်ဖျားတွေ အရမ်းခြောက်နေလို့ပါ ကူးလည်းကူး နေပါတယ် ခင်ဗျာ ကော့ပါး ဖြန်း လို့ ရပါသလား ခင်ဗျာ
ဖြေကြားချက် 1 ခု
စပါးပင်(၃၉) ရက်သားမှာ အဲ့လိုထိပ်ဖျားေလးတွေမှာ အဝါလေးတွေ ကျနေလို့ပါ မှိုရောဂါလား ပိုးကျတာလား ဖြေကြားပေးပါအုံး...
ဖြေကြားချက် 3 ခု
စပါး1လ 5ရက်သားစိုက်တာ 15ရက်ရှိပါပြီအပင်မထလို့ပါ အကြံပြုပါအုံးခင်ဗျ
ဖြေကြားချက် 2 ခု
ဆင်းသုခစပါးပါ ဘာဖစ်တာလဲမသိလို့ဗျ
ဖြေကြားချက် 1 ခု
ရောဂါ လား အပင်အာဟာရ လား ကြည့်ပေးပ့အုံးဆရာ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။