အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
384
လွန်ခဲ့သော ၁၁ လ က · ဇမ္ဗူသီရိ

လက်ဖက်ရည်အချိုခြောက်ဖတ်အဟောင်းတွေကို အပင်အတွက် ဘယ်လိုအသုံးပြုလို့ရပါသလဲခင်ဗျာ့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်အာဟာရ အိမ်တွင်းအလှစိုက်ပင် သဘာဝမြေဩဇာ

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

လက်ဖက်ခြောက်ဖတ်အဟောင်းတွေ များများစုပုံထားပါ။ ၅၀ကီလို ၂အိတ်စာခန့်ရရင်၊ အသင့်သုံးအီးအမ် တလီတာ ရောမွှေပက်ဖျန်းပြီး၊အိတ်ထဲပြန်ထည့်၊အရိပ်အောက်မှာသိမ်းထားပါ။၂၈ရက်လောက်ထားပြီး မြေဆွေးအဖြစ်သုံးနိုင်ပါပြီ။ နှစ်ချီကြာနေပြီဆိုရင်တော့၊သူ့သဘာဝဆွေးပါတယ်။မြေသားနီးပါးဖြစ်ရင်အကောင်းဆုံးပါပဲ။

384 လွန်ခဲ့သော ၁၁ လ က

ကျေးဇူးပါ

349,542 လွန်ခဲ့သော ၁၁ လ က

အီးအမ်နှင့် ရောမွှေပြီး ‌၂၈ရက်အကြာမှာမြေဆွေးအဖြစ်အသုံးပြုလို့ရပါတယ်

384 လွန်ခဲ့သော ၁၁ လ က

အခုဟာက လက်ဖက်အချိုရည်အခြောက်ဖက်ပါ ။ သူ့ကိုလည်း အီးအမ်နဲ့ရောမွှေအသုံးပြုလို့ရလား

349,542 လွန်ခဲ့သော ၁၁ လ က

မြေဆွေးပြုလုပ်ရာတွင်အသုံးပြုနိုင်ပါတယ်၊နှင်းဆီ၊စံပယ်ပန်းတို့အတွက်သင့်တော်ပါတယ်၊လက်ဖက်အခြောက်ကိုကြိတ်ပြီး အပင်ခြေမှထည့်ပေးလို့ရပါတယ်၊ သို့ပေမယ့် နို့၊သကြားတို့နှင့်ဖျော်စပ်အသုံးပြုပြီးမှ စုဆောင်းထားတဲ့လက်ဖက်ရည်အချိုခြောက်မျိုးဆိုအသုံးအပြုသင့်ပါ၊ ပိုးကျရောက်မှုကို ဖိတ်ခေါ်သလိုဖြစ်တတ်လို့ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။