စပါးခင်းပေါင်းသတ်ဆေးဖြန်းထားတာဘယ်နှစ်ရက်လောက်နေမှ မြေသြဇာကျွေးသင့်လဲသိချင်ပါတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- ရာသီဥတု (တစ်ပတ်အတွင်း)
- အသင့်တင့် နေသာ
ပေါင်းသတ်ဆေးဖြန်းပြီးတဲ့အခါ စပါးပင်တွေ ပေါင်းသတ်ဆေးဒဏ်ကနေ ပြန်လည်နာလန်ထူဖို့အတွက် အနည်းဆုံး ၃ ရက်မှ ၅ ရက်အထိ စောင့်ပြီးမှ မြေသြဇာကျွေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပေါင်းသတ်ဆေးရဲ့ ထိရောက်မှု အပြည့်အဝရရှိစေသလို စပါးပင်တွေအတွက်လည်း စိတ်ဖိစီးမှု မဖြစ်စေပါဘူး။ ဒါ့ကြောင့် ပေါင်းသတ်ဆေးဖြန်းပြီး ရက်အနည်းငယ်ခြားပြီးမှ မြေသြဇာကျွေးတာက စပါးပင်ကြီးထွားမှုအတွက် ပိုမိုကောင်းမွန်စေပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်း စပါး ပါ။ စပါးအပင်ဖုံးလုံးမှို့ကပ်ချိန် နောက်ဆုံးအကြိမ် မြေဆီကျွေးရင် 15:15:15 တစ်ချိုးနဲ့ ပို...
ဖြေကြားချက် 2 ခု
ပေါ်ဆန်းစပါးသက် ၇၉ ရက်သားရပါပီ အခင်းက ရေလမ်းကြောင်းဖစ်နေတော့ ၁၅ပတ်လည် မြေဆီကျွေးချင်တာ ရမလား?ဗျ မိုးကကောင်းနေ...
ဖြေကြားချက် 2 ခု
တောင်သူဦးကြီးများနှင့် စိုက်ပျိူးရေးပညာရှင်များခမျာ ကွန်ပေါင်းဓာတ်မြေသြဇာများအား စပါးပင်များကို ဘယ်ချိန်တွေ...
ဖြေကြားချက် 1 ခု
ဧရာမင်းစပါးမျိုး ကို 24.8.2025 မှာ စတင်စိုက်ပြီး 1လ သားမှာ ပုလဲမြေဆီ တဧကပြည်20 အချိုးပတ်ခဲ့ပါတယ် နောက်ထပ်ဘယ်...
ဖြေကြားချက် 1 ခု
ဧရာပဒေသာရက်၉၀စပါးခင်းပိုတက်တစ်ကြိမ်ကျွေးပြီးပါပြီအခုပွင့်သီးတင်တစ်ကြိမ်ဖျန်းပြီးလုံးတဲ့အချိန်ဒါမှမဟုတ်ဗိုက်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။