ဖြေကြားချက် ၂ ခု
ဂျစ်ဆမ်သည်မြေဆီလွှာဖွဲ့စည်းမှုတိုးတက်ကောင်းမွန်စေတာပါဗျ၊ ဂျစ်ဆမ်နှင့်ပုလဲရောပက်ကျွေးသည့်အခါ ပုလဲကြောင့် အရွက်အရောင်အားကောင်းတာကိုသိသိသညမြင်တွေ့ရပြီး အခြားပုလဲခေါ်နိုက်ထရိုဂျင်ပါဝင်မှုနည်းသည့်မြေဩဇာကျွေးသည့်အခါ နိုက်ထရိုဂျင်ပါဝင်မှုနည်းသွားတာကြောင့်အရောင်သိသိသာသာမပြောင်းလဲတာမျိုးဖြစ်နိုင်ပါတယ်။ ဂျစ်ဆမ်နှင့်ပုလဲရောကျွေးရင် တခြားမြေဆီကျွေးလျှငါသိပ်မသိသာဘူးဆိုတာကတော့ မည်သည့်သုတေသနစာတမ်းကိုမှမဖတ်ဖူးသေးပါဘူးဗျ၊ ဂျစ်ဆမ်ကိုပုလဲနှင့်ရောစပ်အသုံးပြုချင်ရင်တော့ ဂျစ်ဆမ်တစ်အိတ်၊ပုလဲ၈ပြည်နှုန်းကျွေးပေးနိုင်ပါတယ်၊ မြေဆီနှုန်းထားအနည်းအများကိုတော့ မိမိဘာသာ အရွက်အရောက်အပင်အနေအထားကြည့်ပြီးချင့်ချိန်သုံးစွဲစေချင်ပါတယ်၊ စပါးပင်သက်တမ်းတစ်လျှောက် ပိုတက်ဆီယမ်၊ဖော့စပရပ်စ်ပါသော ဓာတ်မြေဩဇာများမကျွေးရသေးပါက ကျွေးပေးစေချင်ပါသေးတယ်ဗျ။
ပါး ၇၅ ရက်သားတွင် ဂျစ်ပဆန်နှင့် ပုလဲမြေသြဇာတို့ကို ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ တစ်ဧကလျှင် ဂျစ်ပဆန် ၂၀-၄၀ ကီလိုဂရမ် (သို့မဟုတ်) မြေအခြေအနေပေါ် မူတည်၍ ပိုမိုသုံးစွဲနိုင်ပြီး၊ ပုလဲ (ယူရီးယား) ကိုတော့ ၄၅-၆၅ ကီလိုဂရမ်ခန့် ထပ်ဆောင်းမြေသြဇာအဖြစ် ကျွေးပေးနိုင်ပါသည်။ ဂျစ်ပဆန်နှင့် ပုလဲရောကျွေးခြင်းသည် အပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်၊ ကယ်လ်စီယမ်နှင့် ဆာလဖာဓာတ်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ပြီး၊ အခြားမြေသြဇာများ၏ အာနိသင်ကို လျော့နည်းစေခြင်းမျိုးမရှိပါဘူး၊ သီးနှံအထွက်ကောင်းရန်အတွက် လိုအပ်သော အာဟာရဓာတ်အားလုံးကို မျှတစွာဖြည့်ဆည်းပေးဖို့ အရေးကြီးပါတယ်။
ဆက်စပ်မေးခွန်းများ
ကျောက်မှုန့်တစ်အိတ်ကိုနွားချေးဘယ်လောက်နဲ့ရောစပ်ပြီးပက်သင့်လဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
မိူးဆေးဖြန်းပြီးပြီးချင်ဂျက်ဆန်ကျောက်မူန့်ဖြုးလိုရလားဖြေပေးပါအုံး
ဖြေကြားချက် 1 ခု
ကျောက်မှုန့်အလုံးနဲ့ အမှုန့် ဘယ်ဟာပိုကောင်းလဲ အားသာချက် အားနည်းချက်လေးတွေပြောပြပါ
ဖြေကြားချက် 1 ခု
ဂျစ်ပဆန်နဲ့ပုလဲနဲ့ရောပတ်ရင်တခြားမြေဆီကျွေးရင်အပင်ကသိပ်မစားနူိင်တော့ဘူးမြေအကျင့်ပါတယ်ဆိုတာဟုတ်ပါသလားခဗျ၇၅ရက်...
ဖြေကြားချက် 3 ခု
ကျောက်မှုန့်နဲ့နွားချေးကိုရောစပ်ပြီးဘယ်နှစ်ညအိပ်လောက်ထားပြီးမှအသုံးပြုသင့်လဲသိချင်ပါတယ်ဗျ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ