အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9
လွန်ခဲ့သော ၁၁ လ က · လားရှိုး

ဝက်သားလျှောရောဂါ သမိုင်း

ဖြေကြားချက် ၂ ခု

30,902 လွန်ခဲ့သော ၁၁ လ က

ဝက်မများတွင် သားအောင်နှုန်းနည်းရသည့်အကြောင်းရင်းများ (၁) ဝက်မတမ်းများသားတင်စပ်ရာတွင် နွေရာသီတွင်သားစပ်ခြင်းသည် မိုးနှင့် ဆောင်းရာသီတွင် သားစပ်ခြင်းထက် ‌သားအောင်နှုန်းနည်းပါသည်။ (၂)၀က်မ၏ ဥအိမ်တွင်(Cyst)များရှိပါက သားမအောင်နိုင်ပါ။ (၃) ဝက်မ၏ ခန္ဓာကိုယ်တွင် မွေးရာပါ ချိုယွင်းမှုများ( ဥပမာ အထီး၊အမ အင်္ဂါနှစ်မျိုးလုံး ပါနေလျှင်) သားမအောင်နိုင်ပါ။ (၄) မေထုံမဲ့သားစပ်နည်း အသုံးပြုပါက သုတ်ရည်ကိုင်တွယ်ထိမ်းသိမ်းမှု သားတင်စပ်မှုနည်းပညာများ ချို့ယွင်းပါက သားမအောင်နိုင်ပါ။ (၅) အသုံးပြုသည့်ဝက်သိုးကို တပတ်အတွင်း (၄)ကြိမ်ထက်ပို၍လည်းကောင်း၊ ၄၈နာရီအတွင်း ၂ကြိမ်ထက်ပို၍လည်းကောင်း အသုံးပြုပါက သားအောင်နှုန်းလျော့နည်းစေသည်။ (၆) သားတင်ဝက်သိုးနှင့် ဝက်မများ အရွယ်မရောက်သေးခြင်း၊ သားလိုက်လိုစိတ်နည်းခြင်း ၊ ဝလွန်းခြင်း၊ ပိန်လွန်းခြင်း၊ နာကျင်ထိတ်လန့်မှုရှိခြင်း စသည့်အခြေအနေများတွင် သားအောင်နှုန်း နည်းနိုင်ပါသည်။ (၇) သားတင်ဝက်သိုးသည် အဖျားရောဂါဖြစ်ခဲ့ခြင်း၊ ယခင်က Corticosteroidsဆေးများ အသုံးပြု၍ ဆေးကုသခံယူဘူးခြင်းများ ရှိခဲ့ပါကလည်း သားအောင်မှုကို ထိခိုက်စေပါသည်။ (၈) သားတင်စပ်စဉ် အခန်းအပူချိန်များပါကလည်း သားမအောင်နိုင်ပါ။ (၉) ဝက်မများ စုဝေးထားရှိခြင်းကြောင့် ထိခိုက်မိပြီး ဒဏ်ရာရခြင်း၊ အခင်းချော၍ ချော်လဲခြင်းများသည်လည်း သားအောင်မှုနည်းစေပါသည်။ (၁၀) သားတင်စပ်ပြီးသည်မှ (၂၁)ရက်အတွင်း အစာကို ထိမ်းမကျွေးပါက သားအောင်နုန်းနည်းနိုင်သည်။ (၁၁) သားတင်သည့်ရက်မှ (၂၅)ရက်ကျော်သည်အထိ ကိုယ်ဝန်မရပဲ မြိုင်ပြန်လာပါက ဝက်မတွင် ရောဂါ ရှိ၊မရှိ စစ်ဆေးရပါမည်။ (၁၂) သားအောင်မှု မရှိပါက သားစပ်သည့်လုပ်ငန်းအဆင့်ဆင့်ကို တခုခြင်း ပြန်လည်စီစစ်၍ ချို့ယွင်းမှုများကို ပြုပြင်ပေးခြင်းဖြင့် သားအောင်နှုန်းကောင်းစေပါသည်။

30,902 လွန်ခဲ့သော ၁၁ လ က

ဝက်မတွေ သားလျှော၊သားပျက်တာ မဖြစ်ရအောင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးလို့ရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။