အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,746
လွန်ခဲ့သော ၁၁ လ က · မင်းလှ

ခရမ်းချဉ်မှာ ဒီလိုကိုင်းကွေးလေးတွေတွေ့ရလို့ဗျ ဘယ်လိုဖြစ်တာလဲ

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ် ဆေးလောင်ခြင်း
Post image
Post image

ဖြေကြားချက် ၄ ခု

348,307 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

ပေါင်းသတ်ဆေးလောင်ခြင်း၊ ရေအလွန်ကျွံ့သွင်းခြင်း၊မြေခြောက်သွေ့သည်အထိရေပြတ်လပ်ခြင်း၊ ပျပိုး၊လှေးပိုးဖျက်စီးရင်၊ အပူချိန်မြင့်လွန်းခြင်း Calcium, Boron အဟာရချို့တဲ့ခြင်း စသည်ဖြင့်အထက်ပါအချက်တွေထဲကတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ် ယခုပုံပါအရတော့ အပူချိန်မြင့်ခြင်းသို့မဟုတ် Calcium,Boron အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်

348,307 လွန်ခဲ့သော ၁၁ လ က

ဖျန်းပေးလို့ရပါတယ်ဗျ

1,746 လွန်ခဲ့သော ၁၁ လ က

ဒီဆေးဖြန်းပေးလို့ရလားဗျ Nitrogen ‌တော့ပါတယ်

348,307 လွန်ခဲ့သော ၁၁ လ က

Ca,B,Znအနည်းလိုပါအားဆေးဖျန်းပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

သခွားးဘာဖြစ်တာလဲရှင့် ဘာဆေးသုံးရမလဲရှင့်

ဖြေကြားချက် 8 ခု

ပုံပါအားဆေးပတ်ဖြန်းပြီးနောက်(12liter 3ဇွန်းနှုန်းပတ်ဖြန်းမိ) နေထွက်လာသည်နှင့်တပြိုက်နက် အစာရေဆာငတ်သလိုမျိုး အ...

ဖြေကြားချက် 4 ခု

ပြောင်းခင်းမှာပေါင်းထူနေလို့ပေါင်းသတ်ဆေးဖျန်းလိုက်တာပြောင်းပင်တွေလည်းဆေးလောင်နေတယ်ဘာဆေးသုံးရမလဲခင်ဗျ။

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်ရွေ့စိုက်ပြီးတပတ်သားကိုမန်ကိုဇက်ဖြန်းလိုက်တာအရွက်တွေအောက်ဖက်သို့ကွေးကုတ်နေလို့ဘာဖြစ်တာလဲခင်ဗျ

ဖြေကြားချက် 1 ခု

ပျိုးပင်ငယ်လေးတွေကို ပိုးသတ်ဆေး သို့မဟုတ် မှိုသတ်ဆေးဖျန်းမယ် ဆို အပင်လောင်နိုင်သလားဗျ ဘယ်လိုမျိုးဖျန်းရမလဲဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။