အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်ဇင်ကို
လွန်ခဲ့သော ၁၁ လ က · တောင်တွင်းကြီး

စပါးခင်းမှာပုံထဲကအတိုင်းဖြစ်နေပြီးအရွက်တွေပျက်ကျနေတာဘယ်လိုလုပ်ရမလဲသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ပိုးမွှားရောဂါ စပါး စပါးရွက်လိပ်အိမ်ပိုး
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

Nay Linn
Nay Linn 1,050 လွန်ခဲ့သော ၁၁ လ က

ဗျူရီ20အီးစီအထုတ်သေးဆေးတစ်ဗုံးတစ်ထုတ်ထည့်ဖျန်းပါ များရင်၂ခါနည်းရင်၁ခါအပြီးပျောက်ပါတယ် ရက်အနည်းငယ်ကြာရင်ပြန်ကောင်းလာပါလိ်မမယ် လယ်ကွင်းထဲရေကိုနုတ်မရလည်းအဲအတိုင်းဖျန်းပါ အဆင်ပြေပါစေ...

သော်ဇင်
သော်ဇင် 353,557 လွန်ခဲ့သော ၁၁ လ က

စပါးရွက်လိပ်အိမ်ပိုး(Rice Case Worm)ကျရောက်နေတာပါ၊ (၁) စပါးပင်ဦးရေ မထူထပ်စေရန် ဂရုစိုက်ပါ။ တိုက်ရိုက် စိုက်ခင်း တွင် ပြဿနာပိုရှိနိုင်သည်။ (၂) ရေကို ၂ရက်မှ ၃ရက်ခန့်ထိ ထုတ်ပစ်ပါက အကောင်ငယ် များ အောက်ဆီဂျင်ပြတ်၍ သေစေပါသည်။ (၃) ရေသွင်းပြီး ကင်းထောက်ခြင်းလုပ်ငန်းကို ဂရုစိုက်ပါ။ (၄) လယ်ကွက်သည် အရိပ်ရပြီး ဗွက်အိုင်ထူသော ပတ်ဝန်း ကျင် ရှိပါက ပွားများမှုမြန်သည်။ P (၅) လိပ်နေသော အရွက်များထံသို့ ၎င်းရွက်လိပ်များ မလုပ် ခင် ချည်မျှင်နှင့်မတွယ်မီ ပိုးသတ်ဆေးရောက်ရှိရန်အတွက်၊ စနစ်ကျစွာ ဖျန်းရန်လိုအပ်ပါသည်။ Spinosad, Cartaphydrochloride, , Lambda cyhalotharin,Emamectinbenzoate ဆေးတစ်မျိုးမျိုးကို စွဲကပ်ပျံ့နှံ့ဆေးတစ်မျိုးမျိုးဖြင့်ရောစပ်ပက်ဖျန်းပေးနိုင်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။