အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
101
လွန်ခဲ့သော ၁၁ လ က · ညောင်ရွှေ

ဘာရောဂါလဲဖြေပေးပါအုံး

စိုက်ပျိုး ရေ ဂန္ဓမာ ဂန္ဓမာကျောက်ရောဂါ
Post image
Post image

ဖြေကြားချက် ၃ ခု

348,948 လွန်ခဲ့သော ၁၁ လ က

ရောဂါနှစ်မျိုးတွဲကျနေတာကြောင့် အရင်ဦးဆုံးဘက်တီးရီးယားရောဂါကို ပထမဦးဆုံးနှိမ်နင်းပေးပါဗျ

348,948 လွန်ခဲ့သော ၁၁ လ က

ဒုတိယပုံမှာပါတဲ့ပန်းရောင်အနီအဖုလေးတွေက ကျောက်ရောဂါဖြစ်နိုင်ပါတယ် အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာ စိမ်းရောင်ဖျော့ဖျော့ မှ အဝါရောင် အစက်အပြောက်လေးများကို ထင်ရှားစွာ တွေ့ပါတယ်။ နောက်ပိုင်းမှာ အညိုရောင် ဆဲလ်သေကွက်များအဖြစ်ပြောင်းသွားပါမယ်။ အောက်ဖက်မျက်နှာပြင်မှာ အညိုရောင် (သို့မဟုတ်) ပန်းရောင်အဖု လေးတွေကို တွေ့ရပါတယ်။ ဆိုးဝါးစွာ ကျရောက်ခဲ့ရင်တော့ အပင်ကညှိုးခြောက်ပြီးတော့သေသွားပါမယ်။ ကူးစက်ပျံ့နှံ့ပုံ မှိုစပိုးများဟာ လေမှတစ်ဆင့်၊ ရေမှတစ်ဆင့်၊ လူမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ စိုထိုင်းဆများရင် လေမှတစ်ဆင့် မိုင်ဝက်ခန့် ပျံ့နှံ့နိုင်ပါတယ်။ စိုထိုင်းဆ (၉၆ မှ ၁၀၀%) ၊ အပူချိန် (၄.၄ မှ ၂၂.၇) ဒီဂရီစင်တီဂရိတ် ရှိခဲ့လျှင် ပိုပြီး ကူးစက်ပျံ့ပွားနိုင်ပါတယ်။ စိုထိုင်ဆနည်းပြီး နေရောင်ခြည်တိုက်ရိုက်ရရှိခဲ့ရင်တော့ ရောဂါ မဖြစ်နိုင်ပါဘူး။ ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ ရောဂါဖြစ်စေတဲ့သက်ရှိဟာ ပင်ကြွင်းပင်ကျန်များထဲမှာ ၈ ပတ်ခန့် ခိုအောင်းနေထိုင်ပြီး (၃) ပတ်ခန့် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ပင်ကြွင်းပင်ကျန်များကို စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ပါ။ ရောဂါကျရောက်ထားတဲ့ စိုက်ခင်းမြေမှာ မုန်ညှင်း၊ မုန်လာမျိုးနွယ်ဝင် အပင်တွေကို မစိုက်ပျိုးသင့်ပါဘူး။ ဆေးအနေနဲ့ကတော့ (၁) အဇိုဆီစတိုဗင် (Azoxystrobin)၊ (၂) ကလိုရိုသာလိုနေး (Chlorothalonil)၊ (၃) အိုင်ပရိုဒင်း ( Iprodione)၊ (၄) မာန်ကိုဇာတ်(mancozeb)၊ (၅) ပရိုပီကိုနဇိုး (Propiconazole) ၊ (၆) သိုင်အိုဖီနိတ် မီသိုင်း (Thiophanate methyl) ပါဝင်တဲ့ ဆေးအုပ်စုဝင်တွေထဲက တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

348,948 လွန်ခဲ့သော ၁၁ လ က

ဘက်တီးရီးယားရွက်ပြောက်ရောဂါ(Bacterial leaf spot)ကျနေတာပါခင်ဗျာ အရွက်အပေါ်ကရေဖျန်းခြင်းရှောင်ကြဉ်ပါ။ Copper oxychloride, Oxolinic Acid ဆေးတစ်မျိုးမျိုးကို ဖျန်းပေးပါ၊ရောဂါဆက်လက်မပြန့်ပွားတော့ဘူးဆိုရင်ရောဂါပျောက်ပြီလို့ယူဆရပါမယ်ခင်ဗျာ။ အရင်ကဘာဆေးတွေဖျန်းထားဖူးလဲရှိရင်ပြောထားပေးပါဦး

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။