အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
23
လွန်ခဲ့သော ၁၁ လ က · မုံရွာ

ဆီစွန်း ရိုးမဲကျပြီး အဆစ်ပါပြုတ်နေလို့ ဘယ်လို ကုသရမည်နည်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၄၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
Post image

ဖြေကြားချက် ၁ ခု

349,556 လွန်ခဲ့သော ၁၁ လ က

ကွမ်းပင်တွင်ကျရောက်တတ်သောရောဂါဖြစ်သည်။မှိုကြောင့်မဟုတ်ဘဲဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။ရိုးမဲဆစ်ပြုပ်ရောဂါဟုလူသိများသည်။မြေစေး၍ ရေဝပ်သောမြေမျိုးတွင် ဆိုးရွားစွာကျရောက်လေ့ရှိသည်။နိုက်ထရိုဂျင် လွန်ကဲစွာအသုံးပြုသောကွမ်းခြံများတွင်အဖြစ်များသည်။ ၁။ ရောဂါရပင်ကြွင်းပင်ကျန်များကို စုပုံမီးရှို့ခြင်း၊ ပြေပြုပ်ခြင်း ပြုလုပ်ပေးပါ။ ၂။ ခြံတွင်းသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။ ၃။ ကွမ်းပင်များ ရုံဖြစ်လာပါက လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပါ။ ၄။ ဘောင်ကြားရေသွင်းခြင်း၊ အစက်ချရေသွင်းခြင်းသည် ရေထမ်းပုံးနှင့် ရေပက်ဖျန်းခြင်းထက် ပို၍ကောင်းသည်။ ၅။ ရေမဝပ်စေရန်အထူးသတိပြုပါ။ ၆။ မြေပြုပြင်စဉ်က ဘော်ဒိုးဆေး (၅း၅း၅ဝ)ကို ဖျန်းပုံးနှင့် လောင်းပေးခြင်း ပြုလုပ်ပေးပါ။ Copperoxychloride, Bismerthiazol, Kasugamycin, Oxolinic acid ဆေးတစ်မျိုးမျိုးကို ၇-၁၀ရက်ခြား ‌အခြားအရွက်များမကူး တော့ဘဲ ရောဂါရပ်တန့်သည်အထိဖျန်းပေးပါ၊ ဆေးဖျန်းပြီးနောက် ရောဂါဆက်လက်ပြန့်ပွားခြင်းရှိမရှိစစ်ဆေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။