အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
13
လွန်ခဲ့သော ၁၁ လ က · မြောင်းမြ

မေမြို့ပန်းစမ်းစိုက်တာ ပုံမှာတွေ့ရသလို အပင်လေးတွေကညိုးညိုးပြီး​သေ သွားပါတယ်။ ပန်းပွင့်တဲ့အချိန် အပွင့်ဘေးနား...

မေမြို့ပန်းစမ်းစိုက်တာ ပုံမှာတွေ့ရသလို အပင်လေးတွေကညိုးညိုးပြီး​သေ သွားပါတယ်။ ပန်းပွင့်တဲ့အချိန် အပွင့်ဘေးနားမှာရှိတဲ့အဖက်လေးတွေက ခြောက်နေပါတယ်။ အပင်အတွက် မည်သည့်ဆေး မည်သည့် အာဟာရလိုအပ်လဲဆိုတာ မသိလို့ရှင်းပြပေးစေချင်ပါတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
Post image
Post image

ဖြေကြားချက် ၄ ခု

13 လွန်ခဲ့သော ၁၁ လ က

ဟုတ်ကဲ့ ဖြန်းပေးပါတယ် အပင်ရောဂါကဒီတိုင်းဘဲ ရပ်တန့်မသွားဘူး

349,542 လွန်ခဲ့သော ၁၁ လ က

ရီဗိုက်ဖျန်းပြီး ရောဂါသက်သာလားဗျ၊ ရောဂါရပ်တန့်မသွားဘူးဆိုရင် Copper oxychloride တစ်ကြိမ်ဖျန်းပေးကြည့်ပါဗျ၊ ဆေးတခါဖျန်းပြီးတိုင်း ရောဂါပြန့်ပွားမှုရှိမရှိအမြဲစစ်ဆေးပါ

13 လွန်ခဲ့သော ၁၁ လ က

ရီဖိုက်တော့ဖျန်းထားပါတယ်

349,542 လွန်ခဲ့သော ၁၁ လ က

အော်တာနေးရီးယားရွက် ခြောက်ရောဂါ(Alternaria leaf blight) ကျနေတာဖြစ်နိုင်ပါတယ်။ Azoxystrobin, Difenoconazole, Carbendazim, Propiconazole တစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်။ ဘာဆေးတွေဖျန်းထားပြီးပြီလဲဗျ၊ Copper oxychloride မဖျန်းရသေးရင်လည်း တစ်ကြိမ် လောက်သီးသန့်ဖျန်းပက်ပေးသင့်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။