အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hlaing Min Wai
လွန်ခဲ့သော ၁၀ လ က · ရေကြည်

ဘက်တီးရီယားလား/ဘာဖြစ်တာလဲ ရွေးခြယ်တော့ ဖျန်းထားပါတယ် လွန်ခဲ့တဲ့ တစ်ပတ်လောက်က

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၈ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
Post image
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

မိုးရွာသွန်းမှုကြောင့် အရွက်တွေရေစိုစွတ်ချိန်ကြာလို့ ဆာကိုစပိုးရားရွက်ပြောက်ရောဂါကျနေတာဖြစ်နိုင်ပါတယ်၊ Azoxystrobin+Difenoconazole, Propiconazole ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်။တတိယပုံကတော့ စုပ်စားပိုးကြောင့် မိုစေ့ဗိုင်းရပ်စ်ရောဂါဖြစ်နိုင်ပါတယ် စုပ်စားပိုးရှိမရှိသေချာစစ်ဆေးပေးပါဗျ၊ ဘာမှိုဆေးတွေဖျန်းထားသေးလဲပြောထားပေးပါဦးဗျ၊ အကယ်၍အထက်ပါမှိုဆေးများဖျန်းပြီး ရောဂါကျအရွက်များဆက်လက်ပြန့်ပွားခြင်းရှိမရှိကြည့်ရှု့စစ်ဆေးပေးပါဗျ။

min htet
min htet 31 လွန်ခဲ့သော ၁၀ လ က

စုပ်စားပိုးသတ်ဆေး ဖျန်းသင့်ပါပြီ အရွက်တွေ ခုံးနေပါတယ်

Hlaing Min Wai
Hlaing Min Wai 2 လွန်ခဲ့သော ၁၀ လ က

fosetyl aluminiumတစ်ကြိမ်ဖျန်းထားပါတယ် ၁၈ ရက်သားဝန်းကျင်က ခုက copperဆေး တစ်ကြိမ်ဖျန်းမလားလို့ ၃ရက်လောက်ကြာမှ အားဆေး+ပိုးဆေးပေးမလားလို့ပါ ပိုးဆေးက ခုထိတစ်ကြိမ်မှမလိုက်ရသေးပါဘူး ပဲက ၁လသားဖစ်တော့မယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။