ဖြေကြားချက် ၃ ခု
အရင်တစ်ခါမေးတုန်းကတော့ ပုံကသေချာရှင်းလင်းစွာမမြင်ရဘဲရောထွေးနေလို့ မှည့်ပျောက်စွန်းရောဂါလို့ဖြေကြားပေးဖူးပါတယ်၊ အခုပုံပါအရတော့ ဘက်တီးရီးယားရွက်ပြောက်ရောဂါလို့ယူဆမိပါတယ် ရောဂါကျပြီးသားအရွက်တွေကတော့ ပြန်မကောင်းနိုင်တော့ပါဘူး၊ နောက်ထပ်ရောဂါဆက်လက်မပြန့်ပွားနိုင်အောင် Copper oxychloride, Bismerthiazol, Oxilinic Acid ဆေးတစ်မျိုးမျိုးဖျန်းပေးပါဗျ၊ ဆေးဖျန်းပြီးတိုင်းရောဂါရပ်တန့်မှုရှိမရှိ အမြဲစောင့်ကြည့်ပါဗျ၊ ပိုးဆေးအနေနဲ့ကတော့ ညနေခင်းမှာ ထိသေစားသေ၊ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးမှထိရောက်မှုရှိပါမယ်။ အရင်က ဘာမှိုဆေးတွေဖျန်းထားဖူးသေးလဲဗျ၊ ရောဂါသုံးသပ်စဉ်းစားရာမှာ အထောက်ကူဖြစ်ချင်လို့ပါ
ဆက်စပ်မေးခွန်းများ
ပဲခင်းထဲမှာ ပုံပါအတိုင်းကျရောက်နေလို့ပါ။ ကာကွယ်ကုသခြင်းလုပ်ဆောင်ရန် ဆေးအညွှန်းနှင့် လက္ခဏာအကြောင်းသိချင်ပါသည်။
ဖြေကြားချက် 1 ခု
ဘာရောဂါလဲခင်ဗျ ဘာဆေးတွေဖြန်းရမလဲလမ်းညွှန်ကျပါဦးဆရာတို့ တစ်နေရာနှင့်တစ််ေနရာအကူးမြန်လာလို့ပါ
ဖြေကြားချက် 4 ခု
မိုးရွာပြီးကျန်ရှိတဲ့အပင်လက္ခဏာဘာဖြစ်တာလဲဆရာ
ဖြေကြားချက် 2 ခု
ဘာရောဂါလည်းခင်ဗျ
ဖြေကြားချက် 1 ခု
ဘာေရာဂါလဲခင်ဗျ ဘာဆေးဖြန်းသင့်လဲလမ်းညွှန်ပေးပါဦး
ဖြေကြားချက် 1 ခု