ဖြေကြားချက် ၁ ခု
နှောင်းပင်နာကျရောဂါ(Late Blight)ကျနေတာပါ ရောဂါဖြစ်ပေါ်တိုးပွားနိုင်သော အခြေအနေများ (Conditions for Disease Development) "ကူးစက်နိုင်ခြေအရှိဆုံးအချိန်မှာနွေလယ်ပိုင်း ဖြစ်ပါသည်။ မှိုဟာ အပင်ရဲ့ အရေပြားပေါ်ရှိ ဒဏ်ရာတွေ၊ အက်ကွဲကြောင်းတွေကတစ်ဆင့် ဝင်ရောက်ပါသည်။ ရောဂါဖြစ်ပွားမှုအပေါ် သက်ရောက်မှုရှိတဲ့ အရေးအကြီးဆုံး ပတ်ဝန်းကျင်အချက်တွေကတော့ အပူချိန်နဲ့ အစိုဓာတ်ဖြစ်ပါသည်။ နှောင်းပင်နာကျ ရောဂါကျရောက်စေသော မှိုစပိုး (Late blight fungi) တွေဟာ စိုထိုင်းဆ (relative humidities) မြင့်မားတဲ့ (၉၀ ရာခိုင်နှုန်းခန့်)၊ အပူချိန် ၁၈ မှ ၂၆ ဒီဂရီစင်တီဂရိတ်အတွင်းမှာ အကောင်းဆုံး ကြီးထွားနိုင်ပါသည်။ ပူနွေးပြီး ခြောက်သွေ့တဲ့ နွေရာသီရာသီဥတုက ရောဂါပျံ့နှံ့မှုကို ရပ်တန့်စေနိုင်ပါသည်။ စီမံခန့်ခွဲထိန်းချုပ်ခြင်း (Management and Control) ရောဂါပိုးကင်းစင်သော မျိုးစေ့နှင့် ပျိုးပင်များကို အသုံးပြုပါ။ ရောဂါကျရောက်မှု ပြင်းထန်သော ခရမ်းချဉ်ပင်/အာလူးပင်များကို စိုက်ခင်းမှ ဖယ်ရှားပစ်ပါ။ အလွန်အကျွံ စိုစွတ်မှု/အရွက်များ ကြာရှည်စွာ စိုနေခြင်းကို ရှောင်ကြဉ်ပါ။ နိုက်ထရိုဂျင် (Nitrogen) ဓာတ်မြေသြဇာကို အလွန်အကျွံ ကျွေးခြင်းကို ရှောင်ပါ။ အပင်အတွင်းသို့ စိမ့်ဝင်နိုင်သော (Systemic) မှိုသတ်ဆေးများ (ဥပမာ- metalaxyl) ထိသေအာနိသင်ရှိ( mancozeb, Copper ကြေးနီပါဝင်သောဆေးများ,chlorothalonil ) ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖြန်းပေးပါ။ ကြိုတင်ကာကွယ်မှုအတွက် မှိုသတ်ဆေးများဖြစ်သည့် Trifloxystrobin,cymoxanil+mancozeb,cymoxanil + famoxadone , Dimethomorph+ Cymoxanil, Azoxystrobin,Captan , difenoconazole+propiconazole , propineb , metalaxyl+mancozeb,Ametoctradinမှိုသတ်ဆေး တို့ကို ဖျန်းပက်အသုံးပြုနိုင်ပါသည်။ ဒီရောဂါအတွက်အထိရောက်ဆုံးကတော့ Dimethomorph+ Cymoxanil ဆေးအရောဖြစ်ပါတယ်ဗျ။ ဆေးအသစ်ဝယ်ဖျန်းဖို့ကုန်ကျစရိတ်များမှာစိုးရိမ်ရင်လည်း လက်ကျန်အေဇိုတက်ဖျန်းပေးပါဗျ၊ ရောဂါမကျသေးသောအရွက်များဆက်လက်ကူးစက်ခြင်းရှိမရှိစောင့်ကြည့်ပါ၊ကူးစက်ပျံ့နှံ့မှုမရှိရင်ရောဂါပျောက်ပြီလို့ယူဆနိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ကော့ပါးအော့စီ+ကာဆူမင်။ အဇိုင်+ဆိုင်မိုဇနေး တလည့်စီဖြန်းထားတယ်ခင်ဗျဘယ်ဆေးဆက်သုံးသင့်လည်းဆရာ
ဖြေကြားချက် 1 ခု
ဘာလုပ်ရမလဲဗျ
ဖြေကြားချက် 1 ခု
ပိုးဝင်
ဖြေကြားချက် 1 ခု
ခရမ်းချဉ် အရွက်တွေ ပုံထဲကလိုဖြစ်နေတာ ဘာရောဂါလဲခဗျ
ဖြေကြားချက် 1 ခု
ခရမ်းချဥ် အရွက်တွေမှာ ပုံထဲကလိုဖြစ်နေလို့ ရောဂါလား အာဟာရ ချို့တဲ့တာလားဗျ ဘယ်လိုဆောင်ရွက်သင့်လဲ
ဖြေကြားချက် 1 ခု