အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
62
လွန်ခဲ့သော ၁၀ လ က · ဝမ်းတွင်း

ကြက်သွန်မစိုက်ခင်မှာ မြေဆီလည်းမခံလိုက်ရပါဘူး ရာသီဥတုဖောက်ပြန်ပြီး မိုခနခနရွာသောအခါ အခင်းမှာ လည်လိမ် ခေါင်းပုတ်...

ကြက်သွန်မစိုက်ခင်မှာ မြေဆီလည်းမခံလိုက်ရပါဘူး ရာသီဥတုဖောက်ပြန်ပြီး မိုခနခနရွာသောအခါ အခင်းမှာ လည်လိမ် ခေါင်းပုတ် ရောဂါတွေ ကြနေသည့်အတွက်ကြောင့် မြေဆီမသုံးရဲလို့ မသုံးပါဘူး ။ အခုရာသီကောင်းနေပါပီ အပင်လည်းကြီးချင်တယ် ဥဘက်လည်းကြီးချင်ပါပြီ။ ထိုကြောင့် ယခုတစ်ပတ် ရေသွင်းရင် ဘယ်လိုမြေဆီ အားဆေး သုံးသင့်ပါသလဲခင်မျာ ။ သက်တမ်း၂လခွဲကျော်နေပါပြီ

အပင်အာဟာရ ကြက်သွန်နီ ကြက်သွန်ဂျိုလိမ်ရောဂါ
Post image

ဖြေကြားချက် ၄ ခု

22 လွန်ခဲ့သော ၁၀ လ က

မြေဆီမကျွေးနဲ့တော့15.15.15ပတ်လည်းကျွေးရေဖျန်းငါးအမိုင်နိုကိုနှစ်ကြိမ်လောက်ဖျန်း

62 လွန်ခဲ့သော ၁၀ လ က

ဟုပ်ဗျာ

348,948 လွန်ခဲ့သော ၁၀ လ က

အချိုးညီမျှစွာပါဝင်သော15:15:15ကွန်ပေါင်းမြေဩဇာကို ကျွေးပေးမယ်ဆိုရင် ပိုကောင်းပါတယ်ဗျ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁၀ လ က

ဂျစ်ဆန် တအိတ်+ကေဟူးမစ်၂ထုပ်+ပုလဲ၄ပြည် ရောမွှေပြီး၊ရှေ့ကပက်၊နောက်ကရေသွင်းလိုက်ပါ။ ခြေနင်း ရချိန်မှာ ဘစ်စမာသိုင်ယာဇိုး ၆ဇွန်းနုန်းဖျန်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။