အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁၀ လ က · မရမ်းကုန်း

ကြက်ဥမရမ်းစိုက်ထားပါတယ်ရှင့် သိချင်တာ ကြက်ဥမရမ်းက ဘယ်အချိန်မှာ စပြီး အသီးသီးပါသလည်း ပြီးတော့ အပင်ကကော ဘယ်အ...

ကြက်ဥမရမ်းစိုက်ထားပါတယ်ရှင့် သိချင်တာ ကြက်ဥမရမ်းက ဘယ်အချိန်မှာ စပြီး အသီးသီးပါသလည်း ပြီးတော့ အပင်ကကော ဘယ်အချိန်မှာစပြီးဖွံ့ဖြိုးပါသလည်း

စိုက်ပျိုး ဗဟုသုတ မရမ်းသီး

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁၀ လ က

" မရမ်းပင် စိုက်ပျိုးနည်း " (ကိုင်းကူးနည်း ဗွီဒီယိုပါထည့်ပေးထားပါသည်) #မြန်မာအမည် = မရမ်း အင်္ဂလိပ်အမည် = Marian Three ရုက္ခဗေဒအမည် = Bouea burmanica မျိုးရင်းအမည်   =  Anacardiaceae #မျိုးများ အချိုမျိုး အချဉ်မျိုး နှစ်မျိုးရှိ။ #ဒေသ မန္တလေးတိုင်း ပဲခူး ရန်ကုန် ဧရာဝတီ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်း #ရေမြေ ရာသီဥတု မြေစေးဆန်သောနုန်းမြေ ပူအိုက်စွတ်စိုသော ရာသီဥတု။ မိုးရေချိန်မှာ (50-150)လက်မဖြစ်။ #ပျိုးထောင်နည်း အသီးမှည့်အခွံကို သင်ပစ်ပြီးအသားမဖယ်ပဲ ပြာလူးကာ အရိပ်အောက်တွင် (3)ရက်ခန့်ဖြန့်ပါ၊ အစေ့စိုက်ပင်အား ပျိုးသက်တစ်နှစ်ကျော်မှ မြေချစိုက်ရပါမည်။ #စိုက်ကျင်း နှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး (30×30)ပေ တစ်ဧကအတွက် (48)ပင်ဖြစ်။ #မြေသြဇာကျွေးနည်း ကြီးထွားမှုနှေးသော အပင်မျိုးဖြစ်ကာ အပင်ငယ် တစ်ပင်လျှင် နွားချေးတစ်တင်းနှုန်း အပင်ကြီး သုံးတင်းနှုန်း။ ယူရီးယား တီစူပါ ပိုတက် (1:2:1)ရောပြီး အပင်ငယ်အတွက် (1)ပေါင် အပင်ကြီး(2)ပေါင်။ #အပင်ပြုစုနည်း ကိုင်းခြောက်ရှင်းပေးခြင်း သုံးနှစ်သားအထိ ရေသွင်းပေးပါ။  လောင်းရိပ်များရှင်းပေးပါ။  မတ် ဇွန်လများတွင် အသီးရင့်မှည့်တတ်သဖြင့် စျေးကောင်းရစေရန်နှင့် အသီးစောစောရစေရန် ရေနှင့် မြေသြဇာကျွေးခြင်းတို့ကို မိုးပြတ်သော ရာသီမှစ၍ ဆောင်ရွက်ပေးရပါမည်။ #အထွက်နှုန်း (7)နှစ်ကြာလျှင် အသီးစတင်ခူးစွတ်နိုင်ပြီး  အပင်ငယ်မှ (5000-7000)လုံး အပင်ကြီးမှ (20000-30000)လုံး                   **********

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။