ကျွန်တော့်ခြံထဲက ပဲတောင့်ရှည်ပင်တွေမှာ အရွက်တွေတွန့်ကုတ်ပြီးအပင်လှသင့်သလောက်မလှပဲ အသီးသီးနှုန်း အသီးတင်နှုန်း...
ကျွန်တော့်ခြံထဲက ပဲတောင့်ရှည်ပင်တွေမှာ အရွက်တွေတွန့်ကုတ်ပြီးအပင်လှသင့်သလောက်မလှပဲ အသီးသီးနှုန်း အသီးတင်နှုန်းတွေကျနေပါတယ် စိုက်ပျိုးမြေကတော့သဲဆန်တဲ့အမျိုးအစားပါ တလောကပိုးသေးသေးမည်းမည်းလေးတွေ အဖူးတံခိုင်နဲ့ အညွန့်တွေမှာ အနည်းငယ်မျှတွေ့ခဲ့ရပါတယ် ဒါကပိုးသတ်ဆေးနဲ့အဆင်ပြေသွားပေမယ့် အပင်လှနှုန်းကတိုးမလာပါဘူး နိုက်ထရိုဂျင်ပုလဲဓာတ်မြေသြဇာနှစ်ချိုးနှင့် ပိုတက်ရှ်ဓာတ်များတဲ့အာမိုဓာတ်မြေသြဇာတစ်ချိုးရောပြီးတစ်ခါကျွေးထားပါတယ် ဘယ်လိုဆက်လုပ်ရမလဲသိချင်ပါတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၄၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက် အပွင့် အသီး
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် နေသာ နေသာ