အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6
လွန်ခဲ့သော ၁၀ လ က · သထုံ

မတ်ပဲ ဘယ်အချိန်မှဘာဆေးတွေသုံးရမလည်းဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ မတ်ပဲ မတ်ပဲပင်အာဟာရ

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၉ လ က

စိုက်ပျိုးခြင်း (၀၁ ရက်) မတ်ပဲမျိုးစေ့များကို နာရီဝက်ခန့်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေဩဇာတစ်ထုတ်နှင့် သမအောင်ရောမွှေစိုက်ပါ၊။ အပင်အစိပ်ကျဲညီအောင် မျိုးစေ့ကို နှစ်လွှာကြဲပါ။ ကြဲပြီးပြီးချင်းကြမ်းဖြင့် နှစ်ပြန်အုပ်ပေးပါက အစိုဓာတ်လုံလောက်စွာ ရရှိ၍ အပင်ပေါက်ညီညာပြီး လိုအပ်သော အပင်ဦးရေရရှိနိုင်ပါသည်၊ အတန်းလိုက်စိုက်မည်ဆိုပါက စိုက်ကြောင်းပေး၊မျိုးစေ့ချပြီး ကြမ်းပြန်အုပ်ပေးရပါမည်။ ကြဲပတ်မည်ဆိုပါက ညနေပိုင်းတွင် ကြဲပတ်ရန် သင့်တော်ပြီး လက်ဆညီအောင်ကြဲပတ်ရန် လိုအပ်ပါသည်။ အပင်ညိုးသေနှင့် အခြားရောဂါများ မကျရောက်အောင် မျိူးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့်လူးနယ်၍ စိုက်ပျိုးပါ။ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းအောင် ထယ်ရေးအတွင်း မျိုးစေ့ကို အတိမ်အနက်(၁.၂) လက်မအတွင်း ရအောင်စိုက်ပါ။ အပင်စပေါက်သည်၊၊ (၀၄ ရက်) -အပင်ပေါက်စုံပါသည်။ (၁၀ ရက် -၁၅ ရက်) အပင်ငယ်စဉ် လှေး၊ကျိုင်း၊ ပျ၊မွှား၊ပင့်ကူနီ၊ပင်စည်ထိုးယင်တို့ ကာကွယ်ရန် ပင်လုံးပြန့် သတ္တိရှိသော ဆေးတစ်မျိုးမျိုးကို တစ်ဧကလျှင် သတ်မှတ်နှုန်းဖျန်းပါ။ ညိုးသေရောဂါ ကာကွယ်ရန်မှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပါ။ ပေါင်းမြက်ကင်းစင်အောင် စတင်ဆောင်ရွက်ပါ။ (၁၅ရက်-၂၅ရက်) ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သော ရွက်ဖြန်းမြေဩဇာများတွင် နိုက်ထရိုဂျင် အချိုးများသည့် သင့်တော်သော ရွက်ဖြန်းမြေဩဇာတစ်မျိုးမျိုးကို(၁၅)ရက် ခြား၍ နှစ်ကြိမ်ပတ်ဖျန်းပါ။ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ သီးကိုင်းဖူးလေးမျာ းစတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓာတ်မပျက်ရန်၊ အာဟာရဓာတ်မချို့တဲ့ရန် ၊ပိုးမွှားရောဂါ မကျရောက်ရန် ဂရုပြုရမည်။ (၃၀ရက်-၃၅ရက်) (၃၅)ရက်ခန့်တွင် ကိုင်းဖျားပန်းဖူးလေးများ ဖြစ်ပေါ်လာသည်။ ပန်းဖူးပေါ်ပြီး တစ်ပတ်အကြာ ပန်းစပွင့်သည်။ (၄၅)ရက်သားမှ (၆၀)ရက်သားအတွင်း ပန်းဖြိုင်ဖြိုင်ပွင့်၍ ပွင့်အားကောင်းအသီးတောင့်များရန်(NPK)အချိုးပါသော ရွက်ဖြန်းမြေဩဇာများတွင် ဖော့စဖရပ်နှင့် ပိုတက်ဆီရမ်ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေဩဇာများကို (၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။ (သို့)ရေတစ်ဂါလံတွင် ယူရီးယား(၄.၅)ဇွန်းနှင့် လက်ချားတစ်ဇွန်းရော၍ တစ်ဧကလျှင် ဂါလံ(၂၀)ဖျန်းပါ။ (၃၅ရက်-၆၀ရက်) ရွက်ဖောက်၊လှေး၊ကျိုင်း၊ရွက်စားငမြောင်တောင်၊ပင်စည်ထိုးယင်၊ပျပိုး၊သရစ်၊ထွာကောင်စိမ်း၊ရွက်စုံစားခူဝါ၊ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုးစသည်တို့နှင့်ယင်ဖြူကြောင့်ဖြစ်သောအဝါရောင်မှိုစိတ်ဗိုင်းရက်စ်ရောဂါများမကျရောက်စေရန်ဖြစ်ပါသည်။(၆၀)ရက်သားအထိ(၁၅)ရက်တစ်ကြိမ်ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကိုအလှည့်ကျပတ်ဖျန်းပါ။ (၁၅ရက်-၆၀ရက်) သီးနှံသက်တမ်းတလျှောက်လုံး ပင်ညှိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ ဆာကိုစပိုးရားရွက်ပြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်စ်မိုစိတ်ရောဂါစသည့် ရောဂါများ ကျရောက်တက်၍ မှိုသတ်ဆေးများမှ ရောဂါနှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုးကို (၁၅)ရက်တစ်ကြိမ် အလှည့်ကျ(၄)ကြိမ်ဖျန်းပါ။ အစေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် ထိပ်ပုပ်ရောဂါကိုဂရုပြုပါ။ ပန်းပွင့်သန္ဓေအောင်ပြီး ပဲတောင့်ကလေးများ ဖြစ်ပေါ်လာသည်။ (၆၀ရက်-၇၀ရက်) တဖြည်းပဲတောင့်အတွင်း ပဲစေ့လေးများ ဖြစ်ပေါ်လာသည်။ ပဲစေ့လေးများ ပြည့်တင်းကြီးထွားချိန်ဖြစ်၍ တစ်ပင်လုံးချက်လုပ်သော အစာ၏(၆၀)%ကိုအစေ့အောင်မြင်ရန် အသုံးချရ၍ အစာအလိုအပ်ဆုံးဖြစ်ပါသည်။ ထိုအချိန်တွင် အစာချက်နှုန်းကောင်းရန် အရွက်များစိမ်းစိုကျန်းမာနေရန် အရေးကြီးသည်။ အာဟာရနှင့် အစိုဓာတ်မပျက်ရန်အရေး ကြီးသည်။ ရိတ်သိမ်းခြင်း (၇၅ရက်-၁၁၀ရက်) မတ်ပဲမျိုးနှင့် ပတ်ဝန်းကျင်ရာသီဉတု ထိမ်းသိမ်းစောင့်ရှောက်မှုအပေါ်မူတည်၍ (၇၅-၁၁၀)ရက်အတွင်း ရင့်မှည့်လေ့ရှိကြသည်။ အရွက်များဝါခြောက်ပြီး အတောင့်များ၏(၇၅-၈၅)%အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့ချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှမ်း၍ ချွေလှေ့သန့်စင်ပါ။ နေလှမ်းပြီးအစိုဓာတ်(၈-၉)% ရှိချိန်တွင် သိုလှောင်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။