အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၉ လ က

စိုက်ပျိုးနည်း ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း၊ အောက်တိုဘာလ တွင် အများအပြားစိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး၊ မြေသြဇာများ သမအောင် မွှေထားသော မြေကို စိုက်ဘောင်များပြုလုပ်၍ စတင်စိုက်ပျိုးပါသည်။ စတင်စိုက်ပါက စိုက်ဘောင်အလျား(၅)ပေ၊ အနံ (၃)ပေ၊ အမြင့် (၁) ပေခန့်ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း (၁) ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၇) စေ့ထည့်ပေးပြီး စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင် (၂) ပင် ချန်ထားလျှင် သင့်တော်၏ ကျင်းဖြင့် စိုက်ပျိုးပါက အနက်(၁.၅) ပေ၊ အနံ(၂) ပေ၊ အလျား(၃) ပေရှိ ကျင်းများတူးပြီး နွားချေးနှင့် မြေဆွေး ဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄) လက်မအလိုခန့်အထိ ထည့်ပြီးလျှင် အပေါ်မှ မြေရိုးရိုးကို ဖို့ရမည်။ တစ်ကျင်းလျှင် (၇) ပင်၊ (၈) ပင်ခန့် စိုက်ရမည်။ အပင်သယ်များ တစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂) ပင်ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသားအထိ အပင်ခြေရင်းပေါင်းလိုက်ပေးရပါမည်။ ဘူးကို မေနှင့်ဇွန်လများတွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၂-၃) ကီလိုဂရမ် လိုအပ်ပါသည်။ ရေသွင်းပြုစုနည်း အထက်မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့် ပြတ်သွားပါက ရေလောင်းပေးရန် လိုအပ်ပါသည်။ အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ (၃) ရက်ခြား တစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။ ဘူးပင်ကလေးများ တစ်လ သားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုပါသည်။ အသီးဆွတ်ခူးနည်း ဘူးသီးကို စိုက်ပြီးနောက် (၇၅) ရက်မှ (၉၀) ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်း သကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးကို မနုမရင့် အနေတော်ခူးရ၏။ တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀) မှ (၈၀၀၀) အထိထွက်၏။ သတိပြုရန်အချက်များ (၁) ဘူးစိုက်ရာတွင် ကျိုင်းကောင်နှင့် ပျပိုးများကို ထိရောက်စွာ နှိမ်နှင်းရန်လိုအပ်ပါသည်။ ထိရောက်စွာ မနှိမ်နှင်းနိုင်ပါက အပင်ငယ်များ သေကြေပျက်စီးနိုင်ပါသည်။ (၂) ဘူးပင်ကို ပိုးသတ်ဆေး ပက်ဖျန်းပါက အညွ့န့်ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်များစင်ပေါ်ဖြာတက်ပြီး အသီးများ ပိုသီးပါမည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။