အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Zin Myo Thant
လွန်ခဲ့သော ၉ လ က · တောင်ငူ

မတ်ပဲခင်းမှာ အပင် 1လ နဲ့ 5ရက်သား (Tbl 9မျိုး) 1 ဧကကို fosetyl-aluminum 80%wpဖျန်းပြီး 3ရက်လောက် ကြာမှ အပင် အစိုဓာတ်ရရှိရန် 1 ဧကကိုဘက်ထရီပုံး‌ ရေ4ပုံးဖျန်းပြီး 2ရက်လောက်နေ အားဆေးလိုက်မယ်ဆိုလျှင်ကောင်းနိုင်လား တတ်သိနားလည်သည့် ဆရာများ ဆွေးနွေးဖြေကြားပေးပါ။

အပင်အာဟာရ မတ်ပဲ
1

ဖြေကြားချက် ၁ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၉ လ က

ရေ၄ပုံး ကိုနားမလည်ဘူး။ အပင်ဖျန်းတလား။အစိုဓာတ်ခန်းရင် ရေပိုက်နဲ့ ဖျန်းပါ။ ‌ေအာက်က အစိုဓာတ်နဲ့ ဆက်မိရုံဖျန်းပါ။ ပြီးမှ မှိုဆေးဖျန်း၊၅ရက်နေမှ အားဆေးဖျန်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒို့ဦးလေး ခင်ဗျာ ခုနှစ် မတ်ပဲနောက်ကျ တော့ အပင်မတက်လို့ ဘယ်အားဆေးကို အဓိက ဖြန်းရမှာလဲ ဆိုတာ ဖြေကြားပေးပါ

ဖြေကြားချက် 1 ခု

ဆရာဒိုဉီးလေခဗျား ကျွန်တော် မတ်ပဲတွေအရွက်မပြန့်ပဲ အထွတ်ထွတ်တွေးဖစ်နေလို့ ဘာဆေးသုံးသင့်ပါသလဲဗျား

ဖြေကြားချက် 3 ခု

ထုံးတစ်ဆ ကန့်နုစ်ဆ နဲ့ကြိုထားတယ်ဗျ မတ်ပဲခင်းဖျန်းဖို့ အပင်ငယ်ကိုဘယ်လောက်စီစီထဲ့သင့်လဲဗျ pH တိုင်းစက်နဲ့တိုင်...

ဖြေကြားချက် 2 ခု

ဆရာကြီးခဗျာ မက်ပဲပင်သေတယ်ဝါတယ်ရွက်လိပ်ပိုးလဲတွေ့တယ်ဘယ်လိုဆေးမျိုးတွေသုံးသင့်လဲအသက်၂၃ရက်သားအပင်လဲမထဘူး😭😭😭

ဖြေကြားချက် 1 ခု

ဆရားကြီးများခဗျာ လှေးယင်ဖြူအရမ်းကြနေပါသည် မက်ပဲတစ်လသားရပါပြီ ဘယ်လိုaiမျိုးအလှညိ့်ကြသုံး့ပေးသင့်လဲ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။