အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇင်ကိုလတ်
လွန်ခဲ့သော ၉ လ က · ကြံခင်း

လယ်ထဲကြွက်တေပေါလို့ဗျာ မတ်ပဲတေကိုက်တာ အနုတ်တောင်လွတ်တော့မယ် ဘလို လုပ်သင့်လည်းဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၅ ခု

မဇင်မာဝင်း
မဇင်မာဝင်း 20 လွန်ခဲ့သော ၉ လ က

ပိုက်ဆံနဲ့ ပက်သက်ရင် "ဝမ်းနည်းစရာအကောင်းဆုံးအချိန်ကတော့ .. ကိုယ့်ချွေးနဲစာကို ပြန်ရဖို့အတွက် မျက်နှာငယ်အောက်ကျခံပြီး လိုက်တောင်းပန်နေရတဲ့ အချိန်ပါပဲ" ကိုယ့်ဆီကပေးလိုက်တုန်းကတော့ " ကျေးဇူးရှင်ပါပေါ့ ။ ကတိတွေပေး၊ အာမခံတွေပေးပြီး ယူသွားကြတယ်။ ပြန်တောင်းရတဲ့အချိန်ကျတော့ ကိုယ်က "သူတောင်းစား" ဖြစ်သွားရော။ ငါ့မှာ အခက်အခဲရှိနေလို့ပါဟာ... နင်ကလည်း မညှာမတာနဲ့" ဆိုပြီး ကိုယ်ကပဲ တဖန် လူဆိုးဖြစ်ရတယ်။ သူတို့ကို ကူညီပေးပြီးတကယ်တမ်း ကိုယ်က အခက်အခဲဖြစ်သွားရတာမျိုးပါ။ ကိုယ့်ငွေလေး ပြန်ရဖို့အရေး ဖုန်းဆက်ရင်လည်း စိတ်ဆိုးမှာစိတ်ပူရ၊ အိမ်လိုက်သွားရင်လည်း မျက်နှာငယ်ရ။ အဆုံးတော့ အားနာ တတ်တဲ့ကိုယ်ကပဲ သူတို့မျက်နှာကြည့်ပြီး အောက်ကျို့ခံနေရတယ် ။ ဘဝတူ အမျိုးသမီးတို့ရေ ဒီစာကိုဖတ်နေတဲ့အထဲမှာ ကိုယ့်ပိုက်ဆံကိုယ် ပြန်တောင်းရင်းနဲ့ စိတ်တိုရ ဒေါသဖြစ်ရနဲ့ သောက ဖြစ်ရသူတွေ ရှိလား? ကိုယ်ချင်းစာပါတယ်နော် ။ ကိုယ့်ပိုက်ဆံနဲ့ ပူလောင်သောက မဖြစ်ရအောင်လို့ အကြံပေးချင်တာကတော့ နောက်တစ်ခါဆိုရင်... " အားနာတတ်ရင် ပိုက်ဆံမချေးပါနဲ့ သနားတတ်ရင် ပိုက်ဆံမချေးပါနဲ့ သူများကို မသနားခင် မိမိကိုယ်ကို အရင်သနားပါ ။ ငြင်းရဲတဲ့ သတ္တိကသာ သင့်ကို ဒီလို အောက်ကျနောက်ကျ ဘဝကနေ ကယ်တင်နိုင်မှာပါ။ မေတ္တာဖြင့် ဖတ်ဖူးတာလေး ဖြည့်စွတ်ရင်းပြန်မျှဝေပါတယ် ။

aung
aung 33 လွန်ခဲ့သော ၉ လ က

လယ်ထဲကိုသင်္ဘောသီးစိတ်များချထါးပေးပါ။

zinlinhtet
zinlinhtet 43 လွန်ခဲ့သော ၉ လ က

ပေါ်တက်ရေဖျော်ပီးဖြန်း

ဇင်ကိုလတ်
ဇင်ကိုလတ် 235 လွန်ခဲ့သော ၉ လ က

တခင်းလုံးပြောင်တောင့်မယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,381 လွန်ခဲ့သော ၉ လ က

ကြွက်လမ်းတွေမှာ ပြောင်းဖူးစေ့။ သို့မဟုတ် သူတို့ကြိုက်ရာ အစာကျွေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။