အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
306
လွန်ခဲ့သော ၈ လ က · စဉ့်ကိုင်

ဓာတုဆေးကြောင့်အဆိပ်သင့်သွားတဲ့လူတစ်ယောက်ကပုဂ္ဂိုလ်ရေးကြောင့်ဖြစ်စေ၊အခြားအကြောင်းတစ်စုံတစ်ရာကျေနပ်မှုမရှိ၍ဖြစ်...

ဓာတုဆေးကြောင့်အဆိပ်သင့်သွားတဲ့လူတစ်ယောက်ကပုဂ္ဂိုလ်ရေးကြောင့်ဖြစ်စေ၊အခြားအကြောင်းတစ်စုံတစ်ရာကျေနပ်မှုမရှိ၍ဖြစ်စေ ဆေးဖြန်းရန်စေခိုင်းသူကိုဓာတုဆေးဥပဒေနဲ့တရားစွဲဆိုလို့ရတယ်လို့ကြားဖူးပါတယ်၊အကယ်၍အခကြေးငွေ(နေ့စားအလုပ်သမား)ဖြင့်စေခိုင်းခံရတဲ့သူကအဆိပ်သင့်၍မကျေနပ်ချက်ဖြင့်တရားစွဲဆို၍ရပါသလားသိချင်မိပါတယ်ခင်ဗျ၊ဗဟုသုတရစေလိုသောရည်ရွယ်ချက်ဖြင့်မေးမြန်းခြင်းဖြစ်ပါတယ်။

စိုက်ပျိုး ဗဟုသုတ သရက်
1

ဖြေကြားချက် ၁ ခု

1,870 လွန်ခဲ့သော ၈ လ က
ဤအဖြေဖြင့် ပြေလည်

ညီလေးမေးတဲ့မေးခွန်းကို တတ်သိသလောက်ဖြေပါမယ် အမှားပါရင် ထောက်ပြပါ သင်ပြပါ ခွင့်လွှတ်နားလည်ပေးပါခင်ဗျ စိုက်ပျိုးရေးလုပ်ငန်းမှာ ဓာတ်တုဆေးအသုံးပြုတဲ့အခါ ဓာတုဆေးဖြန်းဖို့စေခိုင်းသူထက် ဓာတုဆေးဖြန်းသူ -လိုက်နာရမဲ့ အချက်တွေလဲရှိပါတယ် ဓာတုဆေးဖြန်းတဲ့အခါ ဆေးဖြန်းသူက လိုအပ်သော အကာအကွယ်ဝတ်စုံပါရှိရပါမယ် ဆေးဖြန်းတဲ့အခါ သဘာဝပတ်ဝန်းကျင်နှင့် လူသူ ဖြန်းဖို့မလိုအပ်တဲ့အရာတွေ မထိခိုက်အောင် စနစ်တကျ ဖြန်းရပါတယ်ခင်ဗျာ ဓာတုဆေးဖြန်းဖို့ စေခိုင်းသူ- မြန်မာနိုင်ငံက တရားဝင်ရောင်းချအသုံးပြုခွင့် ပေးထားသော ဓာတုစိုက်ပျိုးရေးသုံး ဆေးများကိုသာအပြုရပါမယ်၊ခွင့်မပြုထားသော တရားမဝင်စိုက်ပျိုးရေးဆေးများကို လက်ဝယ်ထားရှိခြင်း အသုံးပြုခြင်း ဖြန်းဖို့စေခိုင်းခြင်း ၊ စေခိုင်းခံရသူကလဲ လိုက်နာအသုံးပြုခြင်းဆိုရင် စေခိုင်းသူရော စေခိုင်းခံရသူပါ တရာဥပဒေနဲ့ ရင်ဆိုင်ရပါမယ်ခင်ဗျ မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဓာတုဆေး (pesticides/chemicals) အသုံးပြုမှုဆိုင်ရာ တရားဥပဒေ အရ ၁. အဆိပ်သင့်မှု (Poisoning) နှင့် တာဝန် • လူတစ်ယောက် ဓာတုဆေးကြောင့်အဆိပ်သင့်သွားပါက • အဲ့ဒီအဆိပ်သင့်မှု အမှန်တကယ် ဆေးဖြန်းသူက လုပ်ခဲ့တာလား • သို့မဟုတ် သူ့ကိုယ်ပိုင်အမူအကျင့်, ဂရုမစိုက်မှု ကြောင့် ဖြစ်လား • အစိုးရဥပဒေမှာ “ပေါ့လျော့မှု / ပေါ့ဆမှု / ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု” အရ တာဝန်ခံရနိုင်ပါတယ်။ ၂. ဆေးဖြန်းသူ တာဝန် • ပုဂ္ဂိုလ်ရေးဆက်နွယ်မှုမရှိပဲ စောင့်ကြည့်မရှိသည့်အခြေအနေ → အလေးအနက် ပေါ့လျော့မှုလုပ်ရပ် ဖြစ်နိုင် • သတိမထားဘဲ, အဆိပ်ပါသောပစ္စည်းကို လုံခြုံမှုမရှိဘဲ အသုံးပြုခြင်း → အရပ်ဘက်တာဝန်ယူမှု ဖြစ်နိုင် • ဓာတုဆေးဥပဒေအရ → လုပ်ငန်းအပေါ်ကြီးကြပ်မှု၊ လေ့ကျင့်မှု၊ PPE မသုံးခြင်း ကြောင့် တာဝန်ခံရနိုင်ပါတယ် ၃. စေခိုင်းသူ (Employer/Owner) တာဝန် • အလုပ်သမားကို ဓာတုဆေးအသုံးပြုရန် စေခိုင်းသူ → • အဓိကအနေဖြင့် အလုပ်ရှင်၏ပေါ့လျော့မှု / အစားထိုးတာဝန်ယူမှု တာဝန်ရှိနိုင် • အလုပ်သမားအဆိပ်သက်မှု ဖြစ်ရင် စေခိုင်းသူကို အရပ်ဘက်တရားစွဲဆိုမှု လုပ်နိုင် (လျော်ကြေး/ပျက်စီးဆုံးရှုံးမှု) • ရည်ရွယ်ချက်ရှိရှိ အဆိပ်သင့်စေခြင်းဖြစ်ရင် ရာဇ၀တ်မှုဆိုင်ရာတာဝန်ယူမှု ဖြစ်နိုင်

You

ဆက်စပ်မေးခွန်းများ

သရက်သီးယင်ကောင်ခေါင်းလောက်လုံးလေးတွေအကုန်ကြွေတယ်တစ်ကိုင်းမှာတစ်လုံးလောက်ပဲကျန်တယ်တစ်ချို့အကိုင်းတွေဆိုတစ်လုံး...

ဖြေကြားချက် 3 ခု

ဘာဥလေးတွေလဲဗျဘယ်လိုနိမ်နင်းရမလဲဗျဒီဥလေးတွေကတဖြည်းဖြည်းများလာတယ်အပင်တွက်စိုးရိမ်ရလားဗျ

ဖြေကြားချက် 1 ခု

သရက်ပန်းတော့ပွင့်နေပီးဗျအသီးများများရအောင်အသီးတင်အောင် ဘာဆေးတွေဖျန်းရမလဲ ဘာအဟာရတွေကျွေးရမလဲဘာတွေလုပ်ရမလဲဆရာ...

ဖြေကြားချက် 3 ခု

ပုံထဲကအတိုင်းအရွက်တွေကွက်ခြောက်နေပါတယ် ဘာဆေးသုံးရမလဲ ဆေးဘယ်လိုဖြန်းကျွေးရမလဲသိချင်ပါတယ်

ဖြေကြားချက် 1 ခု

အိမ်ခြံဝန်းတွင်း သရက်ပင်စိုက်ပျိုးချင်တာ သီးပင်ဆိုင်ကနေ အစေ့မှပျိုးထားသောအပင်ကို ဝယ်ခဲ့ပါတယ်။ အစေ့မှ ပျိုးထား...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။