မြေချဉ်ငန်ကိန်း၅.၄ကိုဒိုလိုမိုက်ဘယ်လောက်kgသုံးပြီးပြင်ရမလဲ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၄၅ ရက်
သဘာဝမြေဩဇာနဲ့တွဲသုံးပါ
ဘာသီးနှံစိုက်မှာလဲဗျ။ မေးခွန်းမှာ တွဲထားတဲ့စပါးဆိုရင် မြေချဉ်ငန်ကိန်း ၅.၅ ကနေ ၇ ထိ သင့်တော်တာမို့ မြေချဉ်တာပြင်ဖို့ရည်ရွယ်ချက်အတွက် ဒိုလိုမိုက်သုံးဖို့မလိုပါဘူးဗျ။ အခြားသီးနှံစိုက်ဖို့အတွက်ဆိုရင်လည်း ဒိုလိုမိုက်တစ်ခုတည်းနဲ့ pH တက်ဖို့မလုပ်စေချင်ပါဘူး။ သဘာဝမြေသြဇာကို အားပြုပေးပါ။ သဘာဝမြေသြဇာက မြေချဉ်ငန်ဓာတ်ကို ခုခံထားပေးနိုင်တာမို့ ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။ နောက် pH ကို တစ်နှစ်တည်းဆွဲတင်ဖို့ကြိုးစားတာထက် ၃-၅ နှစ်ကြားမှာ ထုံးပါကူပြီး ဖြည်းဖြည်းချင်းဆွဲတင်တာမျိုးက မြေကြီးအနေအထားအရရော ကုန်ကျစရိတ်သက်သာတာရောအတွက် အဆင်ပြေမှာပါဗျ။
ဆက်စပ်မေးခွန်းများ
စပါးအနှံကဒီလိုဖစ်နေတယ်ဗျဘယ်လိုလုပ်ကမလဲနည်းလမ်းရှိရင်ပြောပြပါဗျပံုမှာပြထားတဲ့ပိုးကောင်တေွရတယ်ဘာဆေးဖြန်းရလဲဗျ
ဖြေကြားချက် 1 ခု
ဆရာရေစပါးကအပင်ပုပြီးအရပ်မထွက်ဘူးဖြစ်နေလို့ပါဖြန်းဆေးနဲ့ကောအဆင်ပြေမလားနည်းလမ်းလေးပေးပါအုံး
ဖြေကြားချက် 2 ခု
ဆရာရေစပါးကဝါပြီးတိုနေလို့ဘယ်လိုလုပ်ရမလဲဆိုတာအကြံညံလေးပေးပါအုံး ဖြန်းဆေးနဲ့ကောရမလားဗျ
ဖြေကြားချက် 1 ခု
စပါးရွက်ညိုပြောက် ကဘာဆေးသုံးရမလဲခဗျာ
ဖြေကြားချက် 5 ခု
ဆရာတို့ ဒီဆော့ဝဲနဲ့ တိုင်းတာ ဘယ်လောက်ဆို ၁ဧကလည်းဗျ့ နားမလည်လို့ရှင်းပြပေးပါခင်ဗျ့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။