ဖြေကြားချက် ၂ ခု
ဘယ်မှာဝယ်လို့ရမလဲမသိပေမယ့် ကိုယ်တိုင်ပြုလုပ်နည်းတော့မျှဝေပေးလိုက်ပါမယ်ဗျ တင်လဲရည် အလွယ်တကူရှာမရ ဝယ်လို့မရပါက အိမ်မှာအလွယ်လုပ်နိုင်တဲ့နည်းလမ်းလေးဖော်ပြ ပေးလိုက်ပါတယ်။ ဒီနည်းလမ်းမှာ အဓိကလိုအပ်တာကတော့ ကြံကြိတ်ထားသော အရည် (ကြံရည်)၊ မီးဖို စတာတွေပဲလိုအပ်မှာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ ကြံ ရည်ဆိုင်မှာ ကြံရည် မိမိလိုအပ်သလောက်ဝယ်ပါ။ (ခန့်မှန်း ၃ခွက်တစ်ခွက်ပဲတင်နိုင်)။ ရလာတဲ့ ကြံရည်ကို အိုးထဲ ထည့် ပြီး မီးအေးအေးဖြင့်ကြိုပေးပါ။ ကြံရည်ကို ညောင်စေးကျတဲ့ အထိကျိုပေးပါ။ အချိန် အားဖြင့် ၂နာရီခွဲက နေ ၃ နာရီလောက်ကြာနိုင်ပါတယ်။ ကြိုနေစဥ် ကြံမြှုပ်လေးတွေတက်လာပါက ခပ်ထုတ်ပေးပါ။ ကြံအမြှုပ်ကို ကြံမြှုပ်ချေးအဖြစ်စိုက်ခင်းတွေမှာပြန်သုံးနိုင်ပါတယ်။ သကာရည်များ အရမ်းမစေးရန်နှင့် မခဲ စေရန် အတွက် အိုးချခါနီး ရေတခါလောက် ထည့်ပြီးကြိုပေးပါ။ ဆူလာပါက အအေးခံပါ။ ထို့နောက်ပုလင်း/ဘူး တွေမှာ ၁ နှစ် အထိ သိမ်းဆည်းထားနိုင်ပါတယ်။
ကျေးဇူးပါဗျ
ဆက်စပ်မေးခွန်းများ
စားပြောင်းစိုက်ပျိုးနည်းလေးသိချင်လို့ပါဗျ
ဖြေကြားချက် 9 ခု
စားပြောင်းစိုက်ပျိုးနည်းလေးသိချင်ပါတယ်ဗျ တစ်ခါမှမစိုက်ဘူးလို့ပါ စပြီးစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ဘာတွေ...
ဖြေကြားချက် 2 ခု
မြေချဥ်မြေငံ တိုင်းတာတဲ့စက်ကိရိယာ ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျ စျေးနှုန်းကော ဘယ်လောက်ရှိပါသလဲခင်ဗျ
ဖြေကြားချက် 1 ခု
ဘာဖြစ်တာပါလဲ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 3 ခု
ဆင်ထုံးမနွယ် ၆၅ ကျပ်သားကို ရေ ၁လီတာနဲ့ ၂၄ နာရီ စိမ်ထားရင် ပင်လုံးပြန့်ပိုးသတ်ဆေးရတယ်လို့ Radio မှာ ကြားလိုက်...
ဖြေကြားချက် 2 ခု