အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mon Mon
Mon Mon 1,081
လွန်ခဲ့သော ၇ လ က · ဒေါပုံ

EM-3က ၁၀ရက်ရှိနေပြီ pHက 3.13 ဖြစ်နေတုန်းပဲဆိုသွားလို့ရလားဟင်ဖြေပေးကြပါဦးဆရာတို့

မြေဆီလွှာ ငရုတ်သီး

ဖြေကြားချက် ၄ ခု

Mon Mon
Mon Mon 1,081 လွန်ခဲ့သော ၇ လ က

EM-1 က pH 3.39, EM-2က pH3.48 ရှိပြီ EM-3 က ဘာလို့ pH 3.13 ဖြစ်နေသေးတာလဲတော့မသိဘူးဆရာ

Mon Mon
Mon Mon 1,081 လွန်ခဲ့သော ၇ လ က

အနံက သင်းသင်းလေးပါ ကျေးဇူးပါရှင့်

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၇ လ က

အရမ်းအချဉ်ဓာတ်များနေတာကြောင့် အပင်အနည်းငယ်အတွက်စမ်းသပ်သုံးစွဲပြီးမှ အန္တရယ်ကင်းပြီဆိုမှသုံးစွဲရန်အကြံပြုပါတယ်

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၇ လ က

သုံးစွဲလို့ရပါတယ်ခင်ဗျာ။ EM-3 ရဲ့ pH 3.13 ရှိနေတာဟာ အချဉ်ဖောက်မှု အလွန်အောင်မြင်ပြီး အကျိုးပြု အဏုဇီဝတွေ ကောင်းကောင်းပွားများနေတဲ့ အခြေအနေဖြစ်ပါတယ်။ ငရုတ်စိုက်ခင်းမှာ အန္တရာယ်ကင်းကင်းနဲ့ ထိရောက်အောင် သုံးနိုင်ဖို့ အောက်ပါအတိုင်း အကြံပြုပေးလိုက်ပါတယ် - ၁။ အချိုးကျ ရောစပ်နည်း (အရေးကြီးဆုံးအချက်) pH 3.13 ဆိုတာ အချဉ်ဓာတ် တော်တော်ပြင်းတဲ့အတွက် အပင်မလောင်စေဖို့ ရေနဲ့ အချိုးကျရောစပ်ဖို့ လိုပါတယ်။ မြေဆီလွှာတိုက်ရိုက်ဖျန်းရန်: EM (၁) ဆ လျှင် ရေ (၅၀၀) ဆ ရောစပ်ပါ။ အရွက်ဖျန်းရန်: EM (၁) ဆ လျှင် ရေ (၁၀၀၀) ဆ ရောစပ်ပါ။ ၂။ ငရုတ်ခင်းအတွက် အကျိုးကျေးဇူးများ ငရုတ်ပင်မှာ အဖြစ်များတဲ့ အမြစ်ပုပ်၊ ခါးရိ ရောဂါနဲ့ မှိုရောဂါတွေကို ကာကွယ်ပေးပါတယ်။ မြေကြီးထဲက အာဟာရတွေကို အပင်က ပိုစုပ်ယူနိုင်အောင် ကူညီပေးလို့ အပွင့်အသီး ပိုတင်စေပါတယ်။ မြေဆီလွှာကို ပွစေပြီး အပင်သန်စွမ်းစေပါတယ်။ ၃။ သတိထားရမည့်အချက်များ အနံ့စစ်ဆေးပါ: အနံ့က ချဉ်ပျပျ သို့မဟုတ် အရက်ပြန်နံ့သင်းသင်းလေး ရှိရပါမယ်။ အကယ်၍ ပုပ်စော်နံနေရင်တော့ မသုံးသင့်ပါဘူး။ နေပူထဲမဖျန်းရ: အဏုဇီဝလေးတွေ နေပူဒဏ်ကြောင့် မသေစေဖို့ မနက်စောစော ဒါမှမဟုတ် ညနေစောင်း နေအေးချိန်မှာပဲ ဖျန်းပေးပါ။ ဓာတုဆေးများနှင့် မရောရ: ပိုးသတ်ဆေး၊ မှိုသတ်ဆေး ပြင်းပြင်းထန်ထန် သုံးထားရင် ၅ ရက်ခန့် ခြားပြီးမှ EM ကို သုံးပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

တောင်သူဦးကြီးများအနေဖြင့်သီးနှံများစိုက်ပျိုးအောင်မြင်စီးပွားဖြစ်ထွန်းစေရန်လိုက်နာရမည့်နည်းလမ်းစည်းမျဉ်းများ...

ဖြေကြားချက် 1 ခု

တမာ အမိုင်နို ခိုင်တိုစန် ရယ် ရွက်ဖျန်းရယ် 4မျိုးရောဖျန်းမယ်ဆို အပင်အတွက် ဖိစီးမှုဖြစ်နိုင်လားဗျ

ဖြေကြားချက် 2 ခု

EM 1ရဲ့ pH က 3.39, EM-2ရဲ့ pHက 3.48, EM-3 ရဲ့ pHက 3.13၅ရက်ပဲရှိသေးတယ် သုံးလို့မရလောက်သေးဘူးနော် pH conc က များ...

ဖြေကြားချက် 1 ခု

အပင်အားဆေးကို အချိုမှုန့် ကြက်ဥ(အခွံအနှစ်) ငံပြာရည် သုံးတာ ၂လပြည့်နေပြီအရောင်ဘာလို့မပြောင်းတာလဲမသိဘူးရှင့် ဖြေ...

ဖြေကြားချက် 4 ခု

မြေဆွေးလုပ်တဲ့နေရာမှာသုံးထားတဲ့ပစ္စည်းတွေကတော့သစ်ရွက်ဆွေးမြေကြီး၊နွားချေး၊ပြာ၊ ဆန်ကွဲကိုသုံးထားပါတယ်မြေဆွေးကအ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။