ဖြေကြားချက် ၂ ခု
ကျေးဇူးပါအကို
မင်္ဂလာပါခင်ဗျာ။ ဥစားဘဲ (မဒန်းအရွယ်) ကောင်ရေ ၁၀၀၀ အတွက် တစ်ရက်စာ အစာကျွေးနှုန်းကို အောက်ပါအတိုင်း ခန့်မှန်းတွက်ချက်နိုင်ပါတယ် - ၁။ တစ်ကောင်ချင်းစီ၏ စားနှုန်း ဥစဥချိန် (မဒန်းအရွယ်) မှာ တစ်ကောင်ကို တစ်ရက် ၁၃၀ ဂရမ် မှ ၁၅၀ ဂရမ် ကြား စားသုံးတတ်ပါတယ်။ ဥနှုန်း ၈၀% အထက် တက်လာတဲ့အချိန်မှာတော့ တစ်ကောင်ကို ၁၆၀ ဂရမ် အထိ ကျွေးပေးရပါမယ်။ ၂။ ကောင်ရေ ၁၀၀၀ အတွက် စုစုပေါင်း (kg) ပျမ်းမျှ ၁၅၀ ဂရမ်နဲ့ တွက်မယ်ဆိုရင်: 1000 \times 150{ grams} = 150,000 \{ grams} ကီလိုဂရမ် (kg) ဖွဲ့ရင် = ၁၅၀ ကီလိုဂရမ် (kg) ဝန်းကျင် ကုန်ကျပါမယ်။ ၃။ အိတ်အရေအတွက်ဖြင့် (၅၀ ကီလိုဝင်အိတ်) တစ်ရက်ကို အစာ (၃) အိတ် ခန့် ကျွေးရမှာ ဖြစ်ပါတယ်။ အကြံပြုချက် - ဘဲတွေ ဥနှုန်း အတက်အကျပေါ်မူတည်ပြီး အစာကို (၅) ဂရမ်၊ (၁၀) ဂရမ်လောက် အတိုးအလျှော့ လုပ်ပေးနိုင်ပါတယ်။ အစာနဲ့အတူ သန့်ရှင်းတဲ့ သောက်ရေကိုလည်း အမြဲရှိနေအောင် ဂရုစိုက်ပေးဖို့ လိုပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်ဈေးနှုန်းလေးတွေကိုဘယ်မှာကြည့်ရှုလို့ရနိုင်မလည်းရှင့်
ဖြေကြားချက် 0 ခု
ကူဝိုင်လာ ကြ က်မျိုးလိုချင်လို့ဘယ်ကဝယ်လို့ရလဲခင်ဗျာ
ဖြေကြားချက် 0 ခု
ငါးစမွေးခြင်လို့ ငါးသားပေါက် ဘယ်နေရာကဝယ်လို့ရလည်းခင်ဗျာ ပဲခူးတိုင်း တောင်ငူမြို့ကပါ
ဖြေကြားချက် 1 ခု
ပျားမွေးမြူရေးအကြောင်းသိချင်လို့ပါ။ Totally beginner မို့ ပုသိမ်ကြီးမြို့နယ်အနီး မွေးမြူတဲ့နေရာများကိုလဲ လမ်း...
ဖြေကြားချက် 0 ခု
နွားမှာ သံ၊သန်ကောင်းရှိရင် ဘယ်လိုအချက်တွေးပြလဲ
ဖြေကြားချက် 3 ခု