အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
428
လွန်ခဲ့သော ၆ လ က · သဲကုန်း

ခုနှစ်TBL9 ၅ဧကလုပ်တာ၃ဧကက ကြွက်ကိုကိလို့ကုန်သွာပြီ​ဗျာ 😭TBLကကြွက်ပိုကြိုက်သလားပဲ အနားဘေးကပ်လျက်ရေဆင်း၇ စာပစပ်...

ခုနှစ်TBL9 ၅ဧကလုပ်တာ၃ဧကက ကြွက်ကိုကိလို့ကုန်သွာပြီ​ဗျာ 😭TBLကကြွက်ပိုကြိုက်သလားပဲ အနားဘေးကပ်လျက်ရေဆင်း၇ စာပစပ်ကိုမကိုက်ဘူးတို့တောင်မကြည့်ဘူး tbl9ကပဲကြွက်ပိုကိုက်နေတာ နောက်နှစ်ပဲတီစိမ်းပဲထည့်တော့မယ်ဗျာ ရေဆင်း၁၆ထည့်မယ်မ​ှန်းထားတယ် မတ်ပဲ နဲ့ကအသက်အတူတူပဲလား မတ်ပဲနှုတ်ရရင်သူလဲနုတ်ရလားနောက်ကျကျန်နေရင် ကြွက်၀င်ကိုက်မှာကြောက်နေပြီ

စိုက်ပျိုးစီးပွား ပဲတီစိမ်း

ဖြေကြားချက် ၆ ခု

348,307 လွန်ခဲ့သော ၆ လ က
အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

ကြွက်ကပဲဒိထက်မတ်ပဲက်ုကြိုက်လို့ဖြစ်မယ် lmedachloropid ပိုးသတ်ဆေးမှုံးနဲ့လူးနယ်စိုက်ပါ

477 လွန်ခဲ့သော ၆ လ က

ပဲတီစိမ်းက အထက်က အကိုပြောထားသလိုပါပဲခင်ဗျ ရောဂါ၊ပိုးမွှားဒဏ်ကိုတော့ မက်ပဲက အနည်းငယ်ပိုခံနိုင်ပါတယ်ဗျ။

428 လွန်ခဲ့သော ၆ လ က

ပဲတီစိမ်းကအသက်ပိုကြီးတာမဟုဘူးလားဆရာတို့

348,307 လွန်ခဲ့သော ၆ လ က

ပဲတီစိမ်း (ရေဆင်း ၁၆): သက်တမ်း အလွန်တိုပါတယ်။ များသောအားဖြင့် ၆၅ ရက်မှ ၇၀ရက် အတွင်း ရိတ်သိမ်းနိုင်ပါတယ်။ မတ်ပဲ: ပဲတီစိမ်းထက် သက်တမ်းပိုရှည်ပါတယ်။ မတ်ပဲအမျိုးအစားပေါ် မူတည်ပြီး ၈၅ ရက်မှ ၁၀၀ ကျော် အထိ ကြာတတ်ပါတယ်။ မှတ်ချက်: ပဲတီစိမ်းစိုက်မယ်ဆိုရင် မတ်ပဲထက် ရက်ပေါင်း ၂၀ ကနေ ၃၀ ခန့် ပို‌ စောရိတ်ရမှာကို ထည့်သွင်းစဉ်းစားရပါမယ်။ ၂။ ကြွက်အန္တရာယ်နှင့် ပတ်သက်၍ "ပဲတီစိမ်းဆိုရင် ကြွက်မကိုက်ဘူးလား" ဆိုတဲ့အချက်မှာ - အမှန်တရား: ကြွက်က ပဲအမျိုးအစားကို ရွေးချယ်တာထက် အစာရှိတဲ့နေရာကို လာတာပါ။ ပဲတီစိမ်းဟာလည်း ပဲမျိုးရင်းဖြစ်တဲ့အတွက် ကြွက်ကိုက်တာ ခံရနိုင်ပါတယ်။ သို့သော် မတ်ပဲပင်မှာ အမွှေးအမျှင်များ ပိုရှိတတ်တဲ့အတွက် ပဲတီစိမ်းလောက် အကိုက်မကြမ်းဘူးလို့ အချို့တောင်သူတွေ ယူဆလေ့ရှိပေမဲ့ ကြွက်များတဲ့နေရာဆိုရင်တော့ မတ်ပဲလည်း မလွတ်နိုင်ပါဘူး။ ကျွန်တော့်အတွေ့အကြုံအရပြောရရင် ပဲတီစိမ်းကိုကြွက်ကပိုကြိုက်လေ့ရှိပါတယ် ၃။ အကြံပြုချက်များ ပဲမျိုးပြောင်းစိုက်တာထက် ပိုအရေးကြီးတာက ကြွက်နှိမ်နင်းရေး ဖြစ်ပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းရေး: လယ်ကန်သင်းတွေကို မြက်ရှင်းထားပါ။ ကြွက်အောင်းနိုင်တဲ့ နေရာတွေကို ဖယ်ရှားပါ။ နှိမ်နင်းနည်းများ: ထောင်ချောက်ဆင်ခြင်း: ပဲခင်းထဲမှာ ကြွက်ထောင်ချောက်များ ပုံမှန်ချထားပါ။ အဆိပ်စာကျွေးခြင်း: စနစ်တကျ ဖော်စပ်ထားတဲ့ ကြွက်သတ်ဆေး အဆိပ်စာများကို ကန်သင်းဘေးတစ်လျှောက် ချထားပါ။ ဘေးပတ်ဝန်းကျင်နှင့် ပူးပေါင်းခြင်း: မိမိလယ်တစ်ကွင်းတည်း ရှင်းနေရုံနဲ့ မရဘဲ ဘေးပတ်ဝန်းကျင် လယ်သမားများအားလုံး စုပေါင်းပြီး တစ်ပြိုင်နက် နှိမ်နင်းမှသာ ထိရောက်မှာ ဖြစ်ပါတယ်။ အချုပ်အားဖြင့် - မတ်ပဲက ပဲတီစိမ်းထက် သက်တမ်းပိုရှည်သလို၊ ကြွက်အန္တရာယ်ကလည်း လုံးဝကင်းစင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်နှစ်မှာ ပဲတီစိမ်းပြောင်းစိုက်မယ်ဆိုရင်လည်း စိုက်ပျိုးချိန်ကတည်းက ကြွက်နှိမ်နင်းရေးကို ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းသင့်ပါတယ်။ အကျဉ်းချုပ် အကြံပြုချက် ၁။ သီးနှံရွေးချယ်မှု: ပတ်ဝန်းကျင်က မတ်ပဲစိုက်ရင် မိမိလည်း မတ်ပဲစိုက်တာက အန္တရာယ်အကင်းဆုံးပါ။ ပဲတီစိမ်းစိုက်မယ်ဆိုရင်လည်း မတ်ပဲခင်းတွေ သီးပွင့်ချိန်နဲ့ ကိုက်ညီအောင် ချိန်ညှိစိုက်သင့်ပါတယ်။ လယ်နားနီးချင်းများ မတ်ပဲစိုက်ချိန်တွင် မိမိတစ်ဦးတည်း ပဲတီစိမ်းစိုက်ခြင်း ဒီလိုစိုက်ပျိုးတာဟာ ကြွက်အန္တရာယ်ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အကြောင်းရင်း: ပဲတီစိမ်းက မတ်ပဲထက် သက်တမ်းတိုပြီး စောစောသီးပါတယ်။ ပတ်ဝန်းကျင်မှာ မတ်ပဲတွေက အပင်အဆင့်မှာပဲ ရှိသေးချိန် မိမိခင်းက ပဲတီစိမ်းက အသီးသီးနေပြီဆိုရင် ကြွက်အားလုံးက အစာရှာရလွယ်တဲ့ မိမိခင်းထဲကိုပဲ စုပြုံရောက်ရှိလာမှာ ဖြစ်ပါတယ်။ ၂။ အချိန်ညှိနှိုင်းမှု: ပဲအမျိုးအစားတူတယ်ဆိုရင်လယ်နားနီးချင်းတွေနဲ့ တိုင်ပင်ပြီး စိုက်ချိန်ကို တူအောင် ကျဲပက်ခြင်းက ကြွက်အန္တရာယ်ကို အစုအဖွဲ့လိုက် ကာကွယ်ရာ ရောက်ပါတယ်။ ၃။ ပေါင်းစပ်နှိမ်နင်းခြင်း: ဘယ်အချိန်ပဲစိုက်စိုက် ကြွက်ထောင်ချောက်နဲ့ အဆိပ်စာကျွေးခြင်းကိုတော့ စိုက်ပျိုးတဲ့အချိန်ကစပြီး ပုံမှန်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဖြေကြားပေးသည့်နေရာမှာ စေတနာကြောင့် အနည်းငယ်ရှည်သွားပါတယ် နားမလည်တာရှိပါက ထပ်မေးမြန်းထားနိုင်ပါတယ်

477 လွန်ခဲ့သော ၆ လ က

မက်ပဲနဲ့တော့ရက်မတူပါဘူးဗျ ကြွက်အရမ်းကိုက်နေရင် သီးပွင့်ချိန်မှာ zoleအုပ်စုမှိုဆေးအချို့နဲ့Avermectinပိုးသက်ဆေးအုပ်စု အချို့ဖြန်းပေးခြင်းကသက်သာစေနိုင်ပါတယ်ဗျ #မှားတာရှိရင် ဝင်ရောက်ထောက်ပြဆွေးနွေးနိုင်ပါတယ် 09974147065 ကိုဆက်သွယ်ပြီး ဆေးမှာယူကွင်းအပ်နိုင်ပါတယ်ခင်ဗျ။

You

ဆက်စပ်မေးခွန်းများ

လယ်နားခြင်းက ကစဥ်းကျော်၍ငမြောင်တောင်ကူးတာဘယ်လိုနှိမ်နှင်းနိုင်ပါသလဲဆရာကြီးများခဗျာ

ဖြေကြားချက် 1 ခု

ပဲတီစိမ်း၁၁လပိုင်းစိုက်ချင်ပါတယ် အထွက်နှုန်းတည်ညိမ်တဲ့မျိုးမျှ​ေ၀ပေးပါအုံး

ဖြေကြားချက် 1 ခု

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့မှာ ပဲတီစိမ်း ဘာမျိုးစိုက်သင့်လဲ၊ဘယ်အချိန် စို‌က်သင့်ပါသလဲ။ ဖြေကြား‌ပေးပါ။

ဖြေကြားချက် 1 ခု

၃လပိုင်း၄လပိင်ုး ပဲစိုက်မယ် မြေခံထဲမှာထဲကဖျူရာဒန်ထည့်မယ် သူ့ရဲ့ဆေးသက်တမ်းကဘယ်လောက်ကြာမလဲ ကြက်သွန်ခင်းကျွတ်ဆို...

ဖြေကြားချက် 2 ခု

ပဲတီစိမ်း၀ါးခယ်မ မတ်ပဲကြားထဲကျဲရမှာမို့ စာပစပ်တို့ tbl9တို့နဲ့တစ်နေ့ထဲကျဲရင် အတူတူရိပ်ရနိုင်လားဗျ ဘယ်လောက်ကွာ...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။