အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
646
လွန်ခဲ့သော ၆ လ က · ပဲခူး

ဒန့်သလွန်စိုက်နည်းလေးသိချင်လို့ပါဆရာတို့

စိုက်ပျိုးနည်း ဒန့်သလွန်
1

ဖြေကြားချက် ၁ ခု

348,957 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

စိုက်ပျိုးရန် မြေအမျိုးအစား သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေမရွေး ဖြစ်ထွန်းနိုင်သည်။ မြေဩဇာ ထက်သန်ပြီး ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေနှင့် နုန်းမြေစေး များသည် အကောင်းဆုံးဖြစ်သည်။ မျိုးရွေးချယ်ခြင်းနှင့် စိုက်ပျိုးချိန် ပြည်ပမျိုး (၆ လ မျိုး) များသည် စီးပွားဖြစ် စိုက်ပျိုးရန်အတွက် ပိုမိုရေပန်းစားလာသည်။ ကိုင်းဖြတ်စိုက်ပျိုးနည်းကို အသုံးပြုမည်ဆိုပါက မိုးဦးကျချိန် ဇွန်လ သည် အကောင်းဆုံးဖြစ်သည်။ စိုက်ပျိုးနည်းစနစ် အစေ့တိုက်ရိုက်ချ စိုက်ပျိုးနည်း - အစေ့ကို တိုက်ရိုက် စိုက်ကျင်းတွင် ထည့်သွင်း စိုက်ပျိုးခြင်းဖြစ်သည်။ ကိုင်းဖြတ် စိုက်ပျိုးနည်း - သန်စွမ်းသော အပင်မှ ကိုင်းများကို ဖြတ်တောက်၍ စိုက်ပျိုးခြင်းဖြစ်သည်။ တနိုင်တပိုင် စိုက်ပျိုးမည်ဆိုပါက အိမ်ခြံဝင်းအတွင်း တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်အတွက်မူ စနစ်တကျ ကျင်းထူး၍ စိုက်ပျိုးရမည်ဖြစ်သည်။ အကျိုးကျေးဇူး ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်မရွေး၊ ရာသီဥတုမရွေး ဖြစ်ထွန်းနိုင်သော အပင်ဖြစ်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။