အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
483
လွန်ခဲ့သော ၆ လ က · အင်္ဂပူ

နွားချေးတင်း200 သစ်ရွက်ခြောက် မတ်ပဲရိုး EM ထရိုင်ကိုဒါးမား တွေ သုံးပြီး မြေဆွေးလုပ်ချင်လို့ပါခင်ဗျာ မြေဆွေး...

နွားချေးတင်း200 သစ်ရွက်ခြောက် မတ်ပဲရိုး EM ထရိုင်ကိုဒါးမား တွေ သုံးပြီး မြေဆွေးလုပ်ချင်လို့ပါခင်ဗျာ မြေဆွေးလုပ်ရမယ့် ဘောင်က အမြင့်3 ပေထက် ပိုရင်အဆင်မပြေဘူး ဖတ်ရလို့ပါ လုပ်မယ့်နေရာက အရိပ်အရမ်းမကောင်းတဲ့အတွက် အမိုးမိုးရမယ့် အခက်အခဲလေး ရှိလို့ပါ အလျား 12ပေ အနံ 8ပေ အမြင့် 3ပေ အဲ့အချိုးအစားအတိုင်း မြေဆွေး ပုံ ဆောက်လို့ရလားခင်ဗျ ဒါလေး သိချင်ပါတယ်ခင်ဗျာ

မြေဆီလွှာ မတ်ပဲ

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

အလျား ၁၂ ပေ၊ အနံ ၈ ပေ၊ အမြင့် ၃ ပေ ဆိုတဲ့ အချိုးအစားက မြေဆွေးပုံဖို့အတွက် အလွန်ကောင်းပါတယ်။ အမြင့် ၃ ပေထက် ပိုမမြင့်ဖို့ လိုတာက အောက်ဆီဂျင် ရရှိမှု ကောင်းစေဖို့ပါ။ အရိပ်မရှိလို့ အမိုးမိုးဖို့ ခက်ခဲရင်တော့ ပလတ်စတစ်အိတ်ခွံတွေနဲ့ သေချာဖုံးအုပ်ပေးထားလို့ ရပါတယ်။ ဒါပေမဲ့ လေဝင်လေထွက်ရှိအောင် ဝါးလုံးလေးတွေ စိုက်ပေးထားဖို့ လိုပါတယ်။ EM ကို ရေနဲ့ စနစ်တကျရောဖျန်းပြီး အစိုဓာတ်ကို ၆၀% ဝန်းကျင် (ဆုပ်ကြည့်ရင် ခဲနေရုံ) အမြဲရှိနေအောင် ဂရုစိုက်ပေးပါဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။