အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
215
လွန်ခဲ့သော ၆ လ က · ကန့်ဘလူ

ခရမ်းချဉ်သီး ကို စျေးကောင်းရအောင် ဘယ်အချိန် ဘယ်ကာလ မှာစိုက်ပျိုးရင်ရသလဲဗျ သိတဲ့ဆရာကြီးများ ဖြေကြားပေးကြပါအုံး...

ခရမ်းချဉ်သီး ကို စျေးကောင်းရအောင် ဘယ်အချိန် ဘယ်ကာလ မှာစိုက်ပျိုးရင်ရသလဲဗျ သိတဲ့ဆရာကြီးများ ဖြေကြားပေးကြပါအုံးဗျ

စိုက်ပျိုးနည်း ခရမ်းချဉ် ပြည်တွင်းသီးနှံဈေးကွက်
Post image

ဖြေကြားချက် ၄ ခု

21 လွန်ခဲ့သော ၅ ရက် က

ဆယ်လပိုင်းမှစ ဆယ်နှစ်လပိုင်းအထိပေါ်အောင်စိုက်ခြင်းဖြစ်တယ်

348,957 လွန်ခဲ့သော ၁ လ က

အမေးဖြေကဏ္ဍမှာ မိမိကိုယ်ပိုင် ပို့စ်တင်မေးပေးပါဗျ၊

31 လွန်ခဲ့သော ၁ လ က

အခုခရမ်းချဉ်သီးစျေးကဘာ်လိုလဲနော မြစ်ကြီးနာမှာ

348,957 လွန်ခဲ့သော ၆ လ က

ခရမ်းချဉ်သီးကို ဈေးအကောင်းဆုံးရချင်ရင် သင်္ကြန်ဈေးကို အမီရောင်းနိုင်ဖို့ ဒီဇင်ဘာလကုန် ဒါမှမဟုတ် ဇန်နဝါရီလ မှာ စိုက်ပျိုးတာ အကောင်းဆုံးပါဗျ။ အဲဒီအချိန်က အပူချိန်တက်လာလို့ စိုက်ရခက်ပေမဲ့ ဈေးကွက်ထဲ အသီးနည်းတဲ့အတွက် ဈေးအမြင့်ဆုံး ရတတ်ပါတယ်။ မိုးနှောင်းဈေးကို မျှော်ရင်တော့ ဩဂုတ်၊ စက်တင်ဘာ လတွေမှာ စိုက်သင့်ပါတယ်။ ရွေးချယ်တဲ့ မျိုးပေါ်မူတည်ပြီး အပူဒဏ်၊ ရောဂါဒဏ် ခံနိုင်ရည်ရှိဖို့တော့ လိုအပ်ပါတယ်ဗျ။ ဈေးကောင်းရမယ့်အချိန်ဟာ စိုက်ပျိုးရခက်တဲ့အချိန်ဖြစ်လို့ ပိုးမွှားရောဂါကို သေချာနှိမ်နင်းနိုင်မှ အထွက်နှုန်းကောင်းပါလိမ့်မယ်။ အသီးအရွယ်အစား ညီညာဖို့အတွက် အပင်အာဟာရ (P, K နဲ့ အနည်းလိုအဟာရ) ပြည့်စုံအောင် ကျွေးပေးဖို့ လိုအပ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။