အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
523
လွန်ခဲ့သော ၆ လ က · စစ်ကိုင်း

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ယခင်နှစ်များက မြေပဲ အဆံ၂တင်းစိုက်သောမြေပဲစိုက်ခင်းများတွင်...

အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ယခင်နှစ်များက မြေပဲ အဆံ၂တင်းစိုက်သောမြေပဲစိုက်ခင်းများတွင် လှည်းဖြင့်နွားချေး၁၀စီးတောင်း၂၅၀ဝန်းကျင် ၁၅ပတ်လည်၁လုံး အာမို သို့မဟုတ်MCသို့မဟုတ်နိုက်ထရိုဖော့စကာ ကျောက်မှုန့်၂၅ကီလို၄လုံး အသုံးပြု၍စိုက်ပျိုးပါသည် ၁လသားဝန်းကျင်မှစ၍သင့်တော်သောအားဆေးစုတ်စားပိုးသတ်ဆေးများဖျန်းခြင်းသင့်တော်သောမှိုသတ်ဆေးများဖြင့်ရောဂါမကျရောက်အောင်ကြိုတင်ကာကွယ်ခြင်း ကယ်ဆီယမ်ဘိုရွန့်ဖျန်း၍စိုက်ပျိုးပါသော်လည်းရိတ်သိမ်းချိန်တွင်မြေပဲအခြောက်၄၅တင်း၅၀ဝန်းကျင်သာရရှိပါသဖြင့်ပိုမိုထွက်ရှိရန်မည်ကဲ့သို့ဆောင်ရွက်ရမလဲသိပါရစေ DAP SOPကဲသို့မြေဩဇာများပြောင်းလဲသုံးစွဲရင်အဆင်ပိုပြေနိုင်မလား ဘိုကာရှိ လိုဇီဝမြေဩဇာတွေပို၍သုံးဆွဲရမလား ဘောင်တင်စနစ်ဖြင့်သွားရင်ပိုအဆင်ပြေနိုင်မလား မြေကိုNPKဓတ်ခွဲစစ်ပြီးမှအဟာရကိုထည့်သွင်းရမလား မြေပဲမျိုးကတော စိမ်းရောင်သန်းသောစစ်ကိုင်းမြေကထုတ်တဲ့ဆင်းပဒေသာ၁၁ မျိုးကိုအသုံးပြုပါတယ် EM5 လိုင်းဆာဖာ လိုအပ်ရင်အသုံးပြုပေးနိုင်ပါတယ်

စိုက်ပျိုးနည်း မြေပဲ မြေပဲပင်အာဟာရ
2

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

လက်ရှိ မြေပဲစိုက်ပျိုးနေတဲ့ နည်းစနစ်က ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အထွက်နှုန်း ၄၅ တင်းထက် ပိုထွက်ချင်တယ်ဆိုရင်တော့ မြေဩဇာကျွေးပုံကို နည်းနည်း ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။ အခုသုံးနေတဲ့ ၁၅ ပတ်လည်တွေအစား DAP (၁၈:၄၆:၀) နဲ့ SOP (ပိုတက်စီယမ် ဆာလဖိတ်) ကို အချိုးကျ ပြောင်းသုံးကြည့်ပါ။ DAP က အမြစ်နဲ့ အပွင့်အတွက် ကောင်းပြီး SOP က အဆံအောင်ဖို့ အဓိက ကူညီပေးပါတယ်။ နောက်ပြီး မြေပဲပွင့်ဆင်းချိန်မှာ ဂျစ်ပဆမ် ထည့်ပေးဖို့ မမေ့ပါနဲ့။ ဂျစ်ပဆမ်က အဆံပြည့်စေပြီး အခွံပုပ်တာကို ကာကွယ်ပေးနိုင်လို့ပါ။ နောက်တစ်ချက်ကတော့ ဘောင်စနစ်နဲ့ စိုက်ဖို့ပါ။ ဘောင်နဲ့စိုက်ရင် မြေပွတဲ့အတွက် မြေပဲစွယ်ဆင်းရတာ ပိုလွယ်ကူပြီး ဥပိုတင်ပါတယ်။ မြေဆီလွှာရဲ့ NPK အခြေအနေကို ဓာတ်ခွဲစစ်ဆေးကြည့်နိုင်ရင်တော့ ပိုပြီး ကွက်တိကျွေးနိုင်တာပေါ့။ အပင်သက်တမ်းအလိုက် မှိုသတ်ဆေးနဲ့ အားဆေးကိုလည်း လိုအပ်သလို ဆက်လက်အသုံးပြုပေးပါဗျ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

သွင်းအားစု အသုံးပြုမှု၊အပင်ပြုစုမှု နည်းလမ်း ပြည့်စုံမှန်ကန်ပါတယ်။ သို့သော် လိုအပ်တဲ့ပန်းတိုင်အထွက်နုန်းမရ တာဟာ၊ အောက်ခံမြေဆီလွှာရဲ့ ပံ့ပိုးပေးနိုင်စွမ်းအပေါ်မူတည်ပါတယ်။ မြေပဲစိုက်ကွင်းမြေအမျိုးအစားအရ၊မြောင် ကျွန်းထဲက နုန်းမြေနဲ့၊ စစ်ကိုင်း၊ဆားတောင်၊အုန်းတော ကုန်းမြေနဲ့ ကွာခြားမှာဖြစ်ပါတယ်။ (သဲနုန်းမြေကြိုက်တတ်ပါတယ်) ဆိုတော့ကား...၊မြေဆီလွှာကို မြေပဲအကြိုက်ဖော်ဆောင်နိုင်မည့် pH, အော်ဂင်းနစ်မက်တာ၊မြေဆီလွှာဖွဲ့ည်းပုံ ပြုပြင်ပြောင်းလဲသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။