နွေစပါးခင်းဒီလိုဖြစ်နေတာဆရာ လောလောဆယ် အဆီဖိတ်နဲ့စုတ်ဖွားတွဲဖြန်းထားတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အညွန့်
- ရာသီဥတု (တစ်ပတ်အတွင်း)
- တိမ်အသင့်အတင့်ဖြစ်ထွန်း
ပုံပါအရတော့ ဘယ်လိုခွဲခြားရမလဲကိုမသိဖြစ်နေပါတယ် အရွက်ဝါခြောက်နေသောအရွက်တွေကို လက်ဖြင့်ဆွဲနှုတ်ကြည့်ပါ အလွယ်တကူကျွတ်ပါလာပါက စပါးဆစ်ပိုးပါ၊ပင်စည်အတွင်းပိုးလောက်ကောင်ရှိမရှိစစ်ဆေးပါ၊ပိုးတွေ့ပါက ပိုးကြောင့်ဖြစ်နိုင်ပါတယ်၊ အရွက်အလိပ်ကို ဖြည်ကြည့်ပါ ပိုးကောင်မည်းမည်းတွေ့ရင်လှေးပိုးပါ၊ မြေဩဇာကျွေးထားခြင်းမရှိပါက နိုက်ထရိုဂျင်ချို့တဲ့ပြီး အောက်အရွက်ဝါတာလည်းဖြစ်နိုင်ပါတယ်။ စစ်ဆေးပေးပါဦး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒီဇယ်ဈေးကြီးလို့မိုးစပါးကိုမထွန်မယက်ပဲစိုက်ပျိုးနိုင်တဲ့နည်းလမ်းများရှိရင်သိချင်ပါတယ်ဆရာ
ဖြေကြားချက် 3 ခု
နွေစပါးခင်း အရွက်လေးတေရဲပီးခြောက်နေလို့ ဖလံဖြူလေးတေလဲတွေ့တယ် လောလောဆယ်တော့အဆီဖိတ်နဲ့ စုတ်ဖွားတွဲဖျန်းထားတယ် အ...
ဖြေကြားချက် 2 ခု
ကျောက်မှုန့်(ဂျစ်ပဆန်)ရရှိနိုင်တဲ့နေရာ မကွေးတိုင်း ချောက် ဆိပ်ဖြူနယ် တဝိုက် ရနိုင်လားဗျ ပုံလေးရော ညွှန်းပေးကြ...
ဖြေကြားချက် 2 ခု
စပါး
ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးထုတ်ကုန်များနှင့်စပ်လျဉ်း၍ ဈေးကွက်ဆိုင်ရာအချက်အလက်များ၊ ကုန်ဈေးနှုန်းများ၊ ဈေးကွက်ဝယ်လိုအားရှိသော...
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။