အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,589
လွန်ခဲ့သော ၅ လ က · မင်းတုန်း

ဆရာ ကြက်ဥခွန်ကိုစက်နဲ့အမှုံကြိတ်ပြီးလျှာလကာရည် 10 ဆနဲ့ရောစပ်ပုလင်းထဲကိုထည့်လိုက်တော့ ဆရာ့ပုံမှာပါတဲ့အ​မြှပ်ပူ...

ဆရာ ကြက်ဥခွန်ကိုစက်နဲ့အမှုံကြိတ်ပြီးလျှာလကာရည် 10 ဆနဲ့ရောစပ်ပုလင်းထဲကိုထည့်လိုက်တော့ ဆရာ့ပုံမှာပါတဲ့အ​မြှပ်ပူစီဖေါင်းတွေထလာပါတယ် အခုပြုလုပ်ထားဒါ 7 ရက်ရှိပါပြီ ဆန်ဆေးရေနဲ့ရောစပ်ပြီးလောင်းရင်ရောရပါလားဆရာ ကြက်ဥခွံကို မီးနဲ့တော့မလှော်လိုက်ရဘူး ဒါပေမဲ့ 5 ရက်လောက်တော့နေလှမ်းလိုက်ပါတယ် မီးနဲ့အပူမပေးလိုက်ရလို့ထိရောက်မှုရှိမရှိသိချင်လို့ပါဆရာ ဆန်ဆေးရေနဲ့ရောရင်လဲတဂါလံမှာတဇွန်းထည့်ရပါလားဆရာအပင်ရဲ့အောက်ခြေမှာလောင်းလို့ရောရပါသလားဆရာ

အပင်အာဟာရ ငရုတ်သီး

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၅ လ က

ကြက်ဥခွန်ကိုအမှုံ့ပြုလုပ်ပြီးမြေကြီးထဲထည်ုတာအလေအလွင့်နဲပြီးကြာကြာခံတယ်စရိတ်သက်သာတယ်

349,568 လွန်ခဲ့သော ၅ လ က

ရွက်ဖျန်းအားဆေးအဖြစ်အသုံးပြုမယ်ဆိုရင်တော့ အပင်က လျင်မြန်စွာရရှိပါမယ်ခင်ဗျာ

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၅ လ က

လုပ်တဲ့နည်းလမ်းမှန်ပါတယ်။ လှော်လိုက်ရင်တော့ ပိုကောင်းတာပေါ့နော်။ ဆန်ဆေးရည်နဲ့ ရောလည်းရပါတယ်။ အရမ်းကြီးပြင်းမသွားအောင် အချိုးကို သတိထားပါတယ်ဗျ။ သူက အရွက်ကနေ တိုက်ရိုက်ဖျန်းလို့ရအောင် ရွက်ဖျန်းအားဆေးလုပ်နည်းပါ။ အပင်ခြေလည်း လောင်းလို့ရပါတယ်။ တကယ်တော့ မြေကြီးထဲထည့်မယ်ဆိုရင်တော့ ကြက်ဥခွံကို ထောင်းပြီး မြေကြီးရော ရောမွှေထားလိုက်ရင်ကို အဆင်ပြေပါတယ်။ ရွက်ဖျန်းဆေးသဘောက အပင်ကို ကယ်ဆီယမ်ဓာတ် အမြန်ရစေချင်လို့ လုပ်ပေးရတာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။