အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
10
လွန်ခဲ့သော ၅ လ က

သီဟိုဠ်ပင်ကိုဘယ်လိုစပျိုးမလဲ

စိုက်ပျိုး ရေ သီဟိုဠ်

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၅ လ က

သီဟိုဠ်စိုက်ပျိုးမယ်ဆိုရင် အောက်ပါအခြေခံအချက်လေးတွေကို အရင်ပြင်ဆင်နိုင်ပါတယ် - ကျင်းပြင်နည်း: ၂ ပေ ပတ်လည် ကျင်းတူးပြီး နွားချေး၊ မြေဆွေးတို့ကို အပေါ်ယံမြေနဲ့ ရောစပ်ပြီး အစာခံ ထည့်ပေးထားပါ။ စိုက်ပင်အကွာဝေး: အပင်တွေ သိပ်မကျပ်အောင် ၂၀ ပေ x ၂၀ ပေ ဒါမှမဟုတ် ၂၅ ပေ ပတ်လည် ခွာစိုက်တာက အကောင်းဆုံးပါပဲ။ စိုက်ချိန်: အပင်ရှင်သန်နှုန်း ကောင်းဖို့အတွက် မိုးဦးကျ (ဇွန်၊ ဇူလိုင်) မှာ စိုက်တာ အသင့်တော်ဆုံးပါပဲ။ ကိုင်းဖြတ်ပြုပြင်ခြင်း: အပင်ငယ်စဉ်မှာ ပုံသဏ္ဌာန်လှအောင်နဲ့ အကိုင်းအသစ်တွေ ထွက်လာအောင် ကိုင်းဖြတ်ပြုပြင်ပေးဖို့လည်း လိုအပ်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၅ လ က

သီဟိုဠ်သရက် စိုက်ပျိုးနည်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အစေ့ရွေးချယ်ခြင်းနှင့် ပျိုးထောင်ခြင်း မျိုးစေ့ရွေးချယ်ခြင်း: ရောဂါကင်းရှင်းပြီး သန်စွမ်းသော၊ အရွယ်အစားတူညီသော အစေ့များကို ရွေးချယ်ပါ။ စမ်းသပ်ခြင်း: အစေ့များကို ရေထဲသို့ထည့်၍ ရေပေါ်တွင်ပေါ်နေသော အစေ့များကို ဖယ်ရှားပြီး ရေမြုပ်နေသော အစေ့သန်သန်များကိုသာ ယူပါ။ စိုက်ပျိုးခြင်း: အစေ့ကို ပျိုးအိတ် (သို့) ပျိုးဘောင်တွင် မြေအောက်သို့ တစ်လက်မခွဲခန့် အနည်းငယ်စောင်း၍ (အဖျားပိုင်းကို အောက်စိုက်) စိုက်ပါ။ ပျိုးသက်တမ်း: ပျိုးပင်သည် အမြင့် တစ်ပေ (သို့) အနည်းဆုံး အရွက် ၄-၅ ရွက်ထွက်လာပါက စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်နိုင်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။