သခွားပင်ယင်ဖြူမလာအောင် ဘယ်လိုကာကွယ်ရမလဲခင်ဗျာ ဒို့ဦးလေး ကျေးဇူးပြုပီးဖြေပေးပါ ခင်ဗျာ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၅ ရက်
ဒို့ဦးလေး ကိုသော်ဇင် ကျေးဇူးပါခင်ဗျာ
သခွားစိုက်ခင်းမှာ ယင်ဖြူက ဗိုင်းရပ်စ်သယ်ဆောင်တတ်လို့ သတိထားရပါတယ်။ ကာကွယ်ဖို့အတွက်ဆိုရင် - စိုက်ခင်းထဲမှာ အဝါရောင် ကော်ထောင်ချောက် (Yellow Sticky Trap) လေးတွေ ထောင်ထားပေးပါ။ ဒါက အကောင်ကြီးတွေကို ဖမ်းရုံတင်မကဘဲ ပိုးကျရောက်မှုကို စောင့်ကြည့်ရာမှာလည်း အများကြီး အထောက်အကူပြုပါတယ်။ သဘာဝနည်းအနေနဲ့ တမာဆေးရည် (Neem Oil) ကို ၅ ရက် တစ်ကြိမ်လောက် ပုံမှန်ဖြန်းပေးရင် ယင်ဖြူမလာအောင် တားဆီးနိုင်ပါတယ် ဓာတုဆေးသုံးမယ်ဆိုရင်တော့ အင်မီဒါကလိုပရစ် (Imidacloprid) ဒါမှမဟုတ် ဒိုင်မီသိုအိတ် (Dimethoate) ပါတဲ့ ဆေးတွေကို အရွက်အောက်မျက်နှာပြင်ပါအောင် နှံ့စပ်အောင် ပက်ဖျန်းပေးပါခင်ဗျာ။
အပူချိန်မြင့်လာတာနဲ့အမျှ၊ယင်ဖြူ ပေါက်ပွားမှုများလာပါတယ်။ သဘာဝ ဆေးနဲ့ ဓာတုဆေး အလှည့်ကျဖျန်းပါ။အဝါရောင် စတစ်ကာ အသုံးပြုပါ။ Imidacloprid (Neonicotinoid) Thiamethoxam Acetamiprid Spirotetramat (sap-feeding pests သစ်ရည်စုပ်စားပိုးအတွက်အဆင်ပြေပါတယ်) Pyriproxyfen / Buprofezin (egg & nymph stage) 👉 Rotation (ဆေးလှည့်သုံးပါ) ➡️ တစ်မျိုးတည်းမကြာခဏမဖျန်းပါနဲ့ (resistance ဖြစ်နိုင်လို့ပါ။)
ဆက်စပ်မေးခွန်းများ
သီးပင်စားပင်တွေကို ပိုတက်ဆီယမ် သီးသန့်ကျွေးရင် ကောင်းကျိုး ဆိုးကျိုး နဲ့ အသုံးပြုပုံတွေနဲ့ ကျွေးရမယ့် အပင်အ...
ဖြေကြားချက် 1 ခု
သခွားသီးပင်ကိုရေအစက်ချစနစ်နဲစိုက်ချင်တာပါ မြေသြဇာကိုရေဖျော်ပိပိုက်နဲ့ထည့်ရင်အပင်မလောင်အောင် နောက်ပြီး ပုလဲမြေ...
ဖြေကြားချက် 4 ခု
သခွားမှာ ဘာပိုးကျတာလဲ ဘာအကောင်မှမတွေ့ပါလား ဘာဆေးဖျန်းရမလဲ အကြံပေးပါအုံးဆရာ
ဖြေကြားချက် 3 ခု
သခွားအကင်းလေးတွေတော်တော်များများဖြစ်နေလို့ဗျဘယ်လိုလုပ်ရမလဲဗျ
ဖြေကြားချက် 3 ခု
မြေချဥ်ကို ဆားကြမ်းသုံးလို့အဆင်ပြေနိုင်လား
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။