ဖြေကြားချက် ၁၆ ခု
လိုင်းဆာလ်ဖာ (Lime Sulphur) ဖော်စပ်ပြီးနောက် သိမ်းဆည်းပုံနဲ့ အသုံးပြုပုံတွေအတွက် အသေးစိတ်ကို အောက်ပါအတိုင်း ရှင်းပြပေးပါမယ်။ ၁။ ဆေးရည်သက်တမ်းနှင့် သိမ်းဆည်းပုံ ကျိုချက်ပြီးရရှိလာတဲ့ လိုင်းဆာလ်ဖာ အပေါ်ယံကြည်ရည်ဟာ လေနဲ့ထိတွေ့ရင် အာနိသင်လျော့နည်းသွားတတ်ပါတယ်။ သိမ်းဆည်းပုံ: လေလုံသော ပလတ်စတစ်ပုံး (သို့မဟုတ်) ဖန်ပုလင်းထဲမှာ အပြည့်နီးပါးထည့်ပြီး အဖုံးလုံအောင် ပိတ်သိမ်းရပါမယ်။ လေနဲ့ထိတွေ့မှုနည်းလေ သက်တမ်းပိုခံလေ ဖြစ်ပါတယ်။ သက်တမ်း: လေလုံအောင် သေချာသိမ်းထားရင် ၃ လမှ ၆ လအထိ အာနိသင်မပျက်ဘဲ ထားနိုင်ပါတယ်။ ဒါပေမဲ့ အရောင်က အနီရောင်/ပယင်းရောင်ကနေ အဖြူရောင်ပြောင်းသွားရင်တော့ အာနိသင်မရှိတော့ဘူးလို့ မှတ်ယူရပါမယ်။ ၂။ သီးနှံမျိုးစုံ သုံးစွဲနိုင်မှု လိုင်းဆာလ်ဖာကို သီးနှံတော်တော်များများမှာ သုံးနိုင်ပေမဲ့ အထူးသတိပြုရန်အချက်အချို့ရှိပါတယ်။ သုံးနိုင်သောသီးနှံ:စပါး၊ ပဲမျိုးစုံ၊ ငရုတ်၊ ခရမ်း၊ အာလူး၊ ကြက်သွန်၊ ကော်ဖီ၊ ရှောက်/သံပုရာ နဲ့ သစ်သီးဝလံပင်များ။ မသုံးသင့်သောသီးနှံ:သခွားမျိုးရင်းဝင်ပင်များ (သခွား၊ ဖရဲ၊ ဖရုံ) ဟာ လိုင်းဆာလ်ဖာနဲ့ မတည့်ပါဘူး။ ဆေးလောင်လွယ်တဲ့အတွက် ဒီသီးနှံတွေကို ရှောင်ကြဉ်ရပါမယ်။ ၃။ သီးနှံအလိုက် သုံးစွဲရမည့် ဆေးပမာဏ ဖော်စပ်ထားတဲ့ အပေါ်ယံအရည်ကြည်ကို အောက်ပါနှုန်းထားအတိုင်း ရောစပ်သုံးစွဲနိုင်ပါတယ်။ ဆေးနှုန်းထား (ရေ ၂၀ လီတာ/ဆေးဖျန်းပုံး ၁ ပုံးအတွက်)ရောဂါကာကွယ်ရန်နှင့်အပင်အားဆေးအဖြစ်၄၀ စီစီ မှ ၅၀ စီစီ သုံးရန်
ယနေ့ခေတ်မှာ စိုက်ပျိုးရေးကုန်ကျစရိတ်များပြားနေသော တောင်သူကြီးများအတွက် ငွေကုန်သက်သာစေသော ဘဘာဝမှိုသတ်ဆေး ပြုလုပ်ကြည့်ကြဖို့အတွက် ဗီဆက်ရွက်ဆေးရည် ပြုလုပ်နည်း မျှဝေပေးချင်ပါတယ် ဗီဆက်ရွက်ဆေးရည်ကို ပိုးသတ်ဆေးအဖြစ်သော်လည်းကောင်း၊ မှိုသတ်ဆေးအဖြစ်သော်လည်းကောင်း အသုံပြုနိုင်ပါသည်။ ပျ၊ လိပ်ပြာဖလံဖြစ်မည့်ပိုးလောက်ကောင်၊ ကျိုင်းကောင် စသောဖျက်ပိုးများနှင့် Fusarium (ဖျူစေရီယမ်)၊ Aspergillus (အက်စပါးဂျီးလတ်) နှင့် Rhizoctonia (ရိုက်ဇိုတိုးနီးယား) စသော မှိုရောဂါများ ကိုလည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဗီဆက်ရွက်ဆေးရည် ပြုလုပ်နည်း (၁) ဗီဆက်အပင်၏ အရွက်များကိုခူး၍ ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြောသန့်စင်ထားပါ။ (၂) ရေဆေးထားသော ဗီဆက်ရွက်များကို ကြိတ်စက် သို့မဟုတ် ကြိတ်ဆုံနှင့် ကြိတ်ချေထားပါ။ (၃) ကြိတ်ချေ၍ရရှိလာသော ဗီဆက်ရွက်အရည်များကို ပိတ်စဖြင့်စစ်ပြီးသတ္တုရည်ကိုယူပါ။ (၄) ဗီဆက်ရွက်သတ္တုရည် ၁ ဆနှင့် အရက်ပြန် (Ethanol) ၁ဆ ကိုရော၍ ရေသန့်ဘူးထဲထည့်ထားပါ။ တစ်ရက် (၂၄ နာရီ ) ကြာအောင်ထားပြီးလျှင် ဗီဆက်ရွက် မှိုသတ်ဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်။ ရေ ၂၀ လီတာကို ဗီဆက်ရွက်ဆေးရည် ၁ လီတာရောဆက်၍ သီးနှံပင်များတွင် သဘာဝမှိုသတ်ဆေးအဖြစ် အသုံးပြု နိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ မှိုဆေးကို ဒီနေ့လိုဖျန်းပီးအားဆေးနဲ့ပိုးသတ်ဆေး တွဲလုံးကို ဘယ်နှရက်ခြားပီး ဖျန်းလို့ရပါသလဲ?
ဖြေကြားချက် 3 ခု
ဘာကောဂါဖြစ်တာလဲဗျ
ဖြေကြားချက် 2 ခု
ဆရာကြီးခဗျာ နှမ်းမှာပုံပါတိုင်း တွေ့နေလို့ ဘာေရားဂါဖြစ်တာလဲဗျ 25ရက်သားပါ 18ရက်သားမှာရေတင်ပုလဲကျွေးထားပါတယ်...
ဖြေကြားချက် 3 ခု
သက်ရင်နှမ်းနက်မျိုး၁၇ရက်သားငါးအမိုင်နိုနဲ့အပ်တွဲပတ်လို့အဆင်ပြေလားခဗျအပ်ကိုဘယ်နူံးထားထည့်ရမလဲခဗျာအပင်အတွက်အ...
ဖြေကြားချက် 3 ခု
နှမ်းပင်တွေက ကွက်ကျားတွေ အစက်အပြောက်လိုလို ခြောက်တာလိုလို ဖြစ်နေပါတယ်ဗျ ဘာဖြစ်တာလဲဗျ ဘာဆေးများသုံးရမလဲ...
ဖြေကြားချက် 2 ခု