အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Tint Naing Win
လွန်ခဲ့သော ၅ လ က · ပွင့်ဖြူ

နှမ်းသီးနှံစိုက်ခင်းကို နွားသေးနှင့်ပုလဲရောပက်ဖျန်းလို့ရပါသလားဗျ ကုလားပဲစိုက်ခင်းဖျန်းတာတော့ အပင်အားကောင်းပြီးအဆင်ပြေပါတယ်ခင်ဗျာ ကျေးဇူးပြု၍ဖြေကြားပေးကြပါဦးခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
အပင်အာဟာရ နှမ်း
3

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၅ လ က

ကုလားပဲဖျန်းတဲ့ နုန်းထက်‌ေလျာ့ပြီးမှဖျန်းပါ။ နှမ်းပင် ၁၅-၂၀ရက်သားမှ စဖျန်းပါ။နေပူချိန်ရှောင်ပါ။

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,960 လွန်ခဲ့သော ၅ လ က

နှမ်းကိုလည်းနွားသေးနဲ့ယူရီးယားဖျမ်းနိုင်ပါတယ်နှမ်းရွက်ကအမှွေးတွေရှိတော့းအချိုးရှော့ဖျန်းပါ

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၅ လ က

မေးခွန်းရှင်၏ ကုလားပဲခင်းတွင် အဆင်ပြေခဲ့သည်မှာ ကုလားပဲပင်၏ ခံနိုင်ရည်နှင့် မြေဆီလွှာအခြေအနေကြောင့် ဖြစ်နိုင်သော်လည်း **နှမ်းပင်သည် ကုလားပဲထက် ပိုမိုနုနယ်ပြီး ထိခိုက်လွယ်ပါသည်။အကောင်းဆုံးနည်းလမ်းမှာ - အပင်ငယ်စဉ် (၂၀ ရက်သား) တွင် နွားသေးနှင့် ပုလဲရောစပ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ အပင်အားကောင်းစေလိုပါက အပင်အတွက်လိုအပ်သော အမိုင်နိုအက်ဆစ် (Amino Acid) သို့မဟုတ် NPKရွက်ဖျန်းအားဆေးများ (ဥပမာ - 20:20:20) ကိုသာ ညွှန်းထားသည့်နှုန်းထားအတိုင်း ပက်ဖျန်းပေးရန် အကြံပြုလိုပါသည်။အကယ်၍ နွားသေးကို သုံးလိုပါက အပင်သက်တမ်း အနည်းငယ်ရင့်လာမှသာ အချဉ်ဖောက်ပြီး ရေများများရော၍ စမ်းသပ်ပက်ဖျန်းသင့်ပါသည်။ အပင်ငယ်စဉ်မှာ ဆေးဒဏ်၊ မြေဩဇာဒဏ် မဖြစ်အောင် ဂရုစိုက်ခြင်းက အထွက်နှုန်းအတွက် ပိုမိုစိတ်ချရပါလိမ့်မည်။ ဤအဖြေဖြင့်ပြေလည်ပါက ပြေလည်ဤအဖြေဖြင့် ပြေလည်သည်လို့သတ်မှတ်ပေးနိုင်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာ ကျွန်တော် ရွှေဘိုခရိုင်က နှမ်းစိုက်တောင်သူပါ ကျွန်တော့်နှမ်းခင်းတွေ အပင်ကောင်းပီး အသီးအပွင့်နဲနေ...

ဖြေကြားချက် 2 ခု

နှမ်းပင်​တွေက ကွက်ကျား​တွေ အစက်​အ​ပြောက်လိုလို ​ခြောက်တာလိုလို ဖြစ်​နေပါတယ်ဗျ ဘာဖြစ်တာလဲဗျ ဘာ​ဆေးများသုံးရမလဲ...

ဖြေကြားချက် 2 ခု

သက်ရင်နှမ်းနက်မျိုး၁၇ရက်သားငါးအမိုင်နိုနဲ့အပ်တွဲပတ်လို့အဆင်ပြေလားခဗျအပ်ကိုဘယ်နူံးထားထည့်ရမလဲခဗျာအပင်အတွက်အ...

ဖြေကြားချက် 3 ခု

နှမ်းက ကြဲတဲ့ရက်ကစပီး ရက်၅၀သါးရပါပီဆရာတို့။ အပင်အရပ်ပုနေလို့ ပုလဲ မြေသြဇာကို ရေနဲ့ဖျော်ပီး ဆေးပုံးထဲထည့်ပီး...

ဖြေကြားချက် 6 ခု

ဆရာတို့ရေ ကျွန်တော်က ရွှေဘိုခရိုင်ကနှမ်းစိုက်တောင်သူပါ ဒီနေ့ ကျွန်တော်နှမ်းအားဆေးပက်ခဲ့ပါတယ် အချိုးက N-0% P-53...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။