အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
182
လွန်ခဲ့သော ၅ လ က · အရာတော်

ဘာရောဂါကျနေတာလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
ပူ
ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၅ လ က

ပင်ပြလက္ခဏာအရ၊အရွက်ဖျားတွေခြောက်တာတွေ့ရတယ်။ အမြစ်မှာပြဿနာရှိပုံရပါတယ်။ အာဟာရချို့တဲ့ပါတယ်။ ရေပူ၊နေပူ၊တမန်းပူ လောင်နေပုံပါ။ ရေထုတ်ပါ/ဂျစ်ဆန်/ပိုတက်/ကေဟူးမစ် ပက်ပါ/။၂ရက်ကြာမှ ရေပါးပါးပြန်သွင်းပါ။

348,307 လွန်ခဲ့သော ၅ လ က

ရောဂါမဟုတ်ပါဘူး၊ရွက်လိပ်ရွက်ခေါက်ပိုးကျတာပါ စပါးရွက်လိပ်ရွက်ခေါက်ပိုးကို ကာကွယ်ရန် နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ပြီး ပေါင်းမြက်ရှင်းလင်းပါ။ ပိုးကျရောက်ပါက လယ်ကွက်ထဲမှ ရေထုတ်ပစ်ခြင်း၊ ကြိုးတန်းတိုက်ဆွဲခြင်း၊ မီးထောင်ချောက်သုံးခြင်းနှင့် လိုအပ်ပါက ကာဗာရီ (သို့) အခြားအသင့်တော်ဆုံးပိုးသတ်ဆေးကို အပင်ထိပ်မှအောက်သို့ စနစ်တကျဖျန်း၍ နှိမ်နင်းနိုင်သည်။ ကာကွယ်နှိမ်နင်းနည်းလမ်းများ စိုက်ပျိုးမှုနည်းစနစ်: နိုက်ထရိုဂျင်မြေသြဇာ (ယူရီးယား) အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ၊ အထူးသဖြင့် ပင်ပွားပွားချိန်တွင် အပင်စိမ်းညှို့လွန်းပါက ပိုးပိုကျတတ်သည်။ ပေါင်းမြက်ရှင်းလင်းခြင်း: ကန်သင်းပတ်လည်ရှိ မြက်မျိုးရင်းဝင် ပေါင်းပင်များကို ရှင်းလင်းပါ။ မျိုးစေ့နှုန်းထား: စပါးပင်ဦးရေ အလွန်အကျွံထူထပ်ခြင်းကို ရှောင်ကြဉ်ပါ (တိုက်ရိုက်ကြဲခင်းများတွင် ပို၍သတိပြုရန်)။ စက်မှု/ရုပ်ပိုင်းဆိုင်ရာနည်းစနစ်: ရေထုတ်ခြင်း: ပိုးကျရောက်ပါက လယ်ကွက်ထဲမှ ရေကို (၂-၃) ရက်ခန့်ထုတ်ပစ်ပါ။ ကြိုးတန်းတိုက်ဆွဲခြင်း: လယ်ကွက်ထဲတွင် ရေရှိပါက ကြိုးတစ်ချောင်းကို ကန်သင်းနှစ်ဖက်မှ ကိုင်ကာ စပါးပင်များကို တိုက်ဆွဲခြင်းဖြင့် ရွက်လိပ်အတွင်းရှိ လောက်ကောင်ငယ်များကို ရေထဲကျစေပြီး အောက်စီဂျင်ပြတ်၍ သေစေနိုင်သည်။ မီးထောင်ချောက်: ညထွက်ဖလံများကို ဖမ်းဆီးရန်။ ဓာတုနည်းစနစ် (လိုအပ်မှသာ အသုံးပြုရန်): စစ်ဆေးချက်: စပါးအရွက်များ စုတ်ပြတ်ပြီး ပိုးကောင်လိပ်များ ပေါ်လွင်နေပါက ဆေးဖျန်းရန်လိုအပ်သည်။ ဆေးအသုံးပြုမှု: ရွက်လိပ်ပိုးကို ကာကွယ်ရန် (Carbaryl)၊ ကာဘိုဖျူရန် (Carbofuran)၊ (lambda-cyhalothrin )၊(cypermethrin)၊ (Chlorantraniliprole)၊(Spinosad)ကဲ့သို့သော ပိုးသတ်ဆေးများကို ရွေးချယ်နိုင်သည်။ ဆေးဖျန်းချိန်: ပိုးသတ်ဆေးများကို နေပြင်းပြင်းမထွက်ခင်အချိန်တွင် အပင်ထိပ်ဖျားမှ အရွက်အနုအရင့်တစ်ပင်လုံးအတွက် နေရာအနှံ့ရောက်ရှိရန် ဖျန်းပါ။ ဤအဖြေဖြင့်ပြေလည်သည်လို့ သတ်မှတ်ပေးန်ုပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။