စုပ်ခွက်ငါးကို ငါးအမိုင်နိုအက်စစ်လုပ်လို့ရလား? တော်တော်ပေါများနေလို့ပါဗျ။
ဟုတ်ကဲ့၊ စုပ်ခွက်ငါး (Suckermouth Catfish) ကို အသုံးပြု၍ အပင်များအတွက် အလွန်အစွမ်းထက်သော ငါးအမိုင်နိုအက်စစ် (Fish Amino Acid - FAA) အားဆေးရည်ကို ကောင်းမွန်စွာ ပြုလုပ်နိုင်ပါသည်။ စုပ်ခွက်ငါးသည် ပရိုတင်းဓာတ် ကြွယ်ဝသဖြင့် ၎င်းမှရရှိသော အမိုင်နိုအက်စစ်သည် အပင်များ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အထူးအားပေးပြီး အရွက်များကို စိမ်းစိုလန်းဆန်းစေကာ အထွက်နှုန်းကို တိုးတက်စေပါသည်။ နှုန်းထားကလည်း အစိမ်းရောင်လမ်းမှာ ပြတဲ့အတိုင်း အတူတူပါပဲခင်ဗျာ။ စုပ်ခွက်ငါးက အရေခွံနဲ့ အရိုး အလွန်မာတဲ့အတွက် အချိန်ကိုတော့ ၂လလောက်ထားပေးပါ၊ဒါမှငါးကိုယ်ထည်တွေဆွေးမြေ့သွားဖို့ပါ။ ဤအဖြေဖြင့်ပြေလည်ပါက ဤအဖြေဖြင့်ပြေလည်သည် လို့ သတ်မှတ်ပေးပါခင်ဗျာ
အချိုးအစားက အစိမ်းရောင်လမ်းမှာပြတဲ့အတိုင်း အတူတူပဲလား? နောက်အချိန်ကတော့ သူက ရက်ကြာကြာ ထပ်ထားဖို့လိုလားဆရာ?
ရပါတယျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သခွားပင် အမြစ်နားကပုတ်ပီးသေတယ်ခင်ဗျ အချို့အရွက်တွေမီးလောင်ထားသလို ခြောက်နေတယ်ခင်ဗျ ကူညီပါဦးဒို့ဦးလေး ကိုသော်...
ဖြေကြားချက် 3 ခု
သခွား အရွက်တွေ တွန့်လိပ်ကုန်တယ် ဆေးမဖြန့်ခင်က အရွက်တွေက ပုံမှန်အတိုင်းပါ 13ရက် 4လ 2026 မနက်ပိုင်း ဒိုဇာ 20wp ထ...
ဖြေကြားချက် 2 ခု
မြေချဥ်ကို ဆားကြမ်းသုံးလို့အဆင်ပြေနိုင်လား
ဖြေကြားချက် 3 ခု
ဒေသမျိုးသခွား မိုးဦးစိုက်ရင် ထိပ်ညွန့်ဖြတ်ရလားဗျ.စနစ်တကျဘယ်လိုဖြတ်ရလဲအကြံပေးကြပါအုံးဆရာသမားတို့
ဖြေကြားချက် 2 ခု
ဆရာတို့ ကျနော့ သခွာ ထိပ်ဖူး အရွက်တေ ဝါ ပြီးတော့ တချို့ဆို အရွက် ကုတ် နေတယ် ရောဂါ လား အပူရှိန် ကြောင့်လားခမျာ...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။