ဆရာတို့ခင်ဗျာ..ကျွန်တော်စိုက်ပျိုးထားတဲ့ခဝဲ...ပုံမှာပြထားတဲ့အတိုင်းဖြစ်နေတယ်..ဘယ်လိုပြုပြင်ရမလဲပြောပေးပါဦး
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂၀ ရက်
ကျေးဇူးတင်ပါတယ်
သခွားစိုက်တဲ့ ခင်းတွေမှာ အဖြစ်များနေတဲ့ ရွက်တွန့်အဝါရောင်ဗိုင်းရပ်စ် (SLCV) ကျနေတာပါ။ဒီရောဂါက ဖြစ်ပြီးရင် ကုသဖို့ ဆေးမရှိတာကြောင့် "မဖြစ်ခင်က ကာကွယ်ပါ" ဆိုတဲ့အတိုင်း အဓိက လက်သည်ဖြစ်တဲ့ ယင်ဖြူ ကို ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုပါတယ်။တစ်ရာသီနဲ့ တစ်ရာသီကြားမှာ ဖရုံမျိုးနွယ်ဝင် သီးနှံတွေ စိုက်တာကို ခေတ္တနားပေးပါ။ ဒါမှ ယင်ဖြူတွေ အစာပြတ်ပြီး မျိုးဆက်ပြတ်သွားမှာပါ။ ငွေရောင်ပလတ်စတစ်အုပ်ပေးတာဟာ ယင်ဖြူတွေကို မျက်စိလည်စေပြီး အပင်ပေါ်မနားနိုင်အောင် ဟန့်တားပေးပါတယ်။အပင်ငယ်စဉ်မှာ အရွက်တွေ ထူပြီး လိပ်နေပြီဆိုရင် နှမြောမနေပါနဲ့၊ ချက်ချင်းနှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ မြေမြှုပ်ဖျက်ဆီးပစ်ပါ။ဆေးဖျန်းတော့မယ်ဆိုရင် ဆေးယဉ်ပါးမှုမဖြစ်အောင် အုပ်စုအလိုက် လှည့်ဖျန်းဖို့ အရေးကြီးဆုံးပါပဲ။ပင်လုံးပျံ့အာနိသင်ရှိတဲ့ Imidacloprid (သို့) Thiamethoxamကို အသုံးပြုပြီး ကာကွယ်ပါ။ယင်ဖြူကနေ ဗိုင်းရပ်စ်မကူးအောင် အစာစားတာကို ချက်ချင်းရပ်တန့်စေတဲ့ Pymetrozine လို ဆေးမျိုးကို သုံးသင့်ပါတယ်။အကောင်ကြီးတင်မကဘဲ ဥတွေကိုပါ သေစေဖို့ Spiromesifen (Group 23ကို ဖျန်းပေးလို့လည်းရပါတယ်ခင်ဗျာ။ မိမိစိုက်ခင်းထဲ ယင်ဖြူ ဘယ်လောက်ဝင်နေပြီလဲဆိုတာ သိဖို့ အဝါရောင် ကော်စေးကပ်ပြားတွေ ထောင်ထားပါ။အရွက်တစ်ရွက်မှာ ယင်ဖြူ အကောင်ကြီး ၃ ကောင်ကနေ ၅ ကောင်လောက် တွေ့ပြီဆိုရင်တော့ ဆေးဖျန်းနှိမ်နင်းဖို့ လိုပါပြီ။ယင်ဖြူဟာ ဗိုင်းရပ်စ်ကို တစ်သက်လုံး သယ်ဆောင်သွားနိုင်တဲ့အတွက် အပင်တွေ ရောဂါမရခင်ကတည်းက စနစ်တကျ ကာကွယ်ဖို့ တိုက်တွန်းလိုပါတယ်။ ဤအဖြေဖြင့်ပြေလည်ပါက ဤအဖြေဖြင့် ပြေလည်သည်လို့သတ်မှတ်ပေးနိုင်ပါသည်။
ဟုတ်ကဲ့..စုတ်စားပိုးသတ်ဆေးဘာဆေးဖျန်းသင့်လဲ
စုတ်စားပိုးကျနေတယ်ထင်တယ် စုတ်စားပိုးဆေးဖျန်းပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော်တို့ရှမ်းပြည်မြောက်ပိုင်းမှာ လာမယ့်တပေါင်းလ ခဝဲစိုက်လို့ရမလားဗျ ပြောပြပေးပါအုံး
ဖြေကြားချက် 1 ခု
ကျွန်တောိတို့ ရှမ်းပြည်မြောက်ပိုင်းမှာ အခု တပေါင်းလမှာ ခဝဲစိုက်လို့ရဘားဗျ။
ဖြေကြားချက် 1 ခု
ခဝဲသီးစိုက်နည်းလေး သိချင်ပါတယ်
ဖြေကြားချက် 1 ခု
မြေချဥ်ကို ဆားကြမ်းသုံးလို့အဆင်ပြေနိုင်လား
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ.. ကျွန်တော်ခဝဲသီး ပုံမှာပြထားတဲ့အတိုင်းဖြစ်နေလို့ပါ..ဘာဖြစ်တာလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။