အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
382
လွန်ခဲ့သော ၄ လ က · သန်လျှင်

သစ်ချိုသီး အကြောင်းလေး သိချင်လို့ပါ

စိုက်ပျိုးနည်း မြေစာဥ
Post image
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၄ လ က

· သစ်ချိူ Xantolis tomentosa Sideroxylum tomentosum Roxb., Family : Sapotaceae Flowering and fruiting period : from May to September မုံရွာမြို့ က မန်ကျီးပင် ဈေးနားမှာ သစ်ချိုပင်ကြီး မြင် တော့ အတော် အံ့သြသွားတယ်။ အိမ်ရှင်က အသီးလေးတွေက နုသေးတယ် သင်္ကြန်ပြီးရင် အတော်လေးကြီးပြီ ၊ သီးလည်း မရောင်းပါဘူးတဲ့ ၊ အတော်ကို သဘော ကောင်းတဲ့ အိမ်ရှင် အမကြီးပါဘဲ" ၊ မုံရွာဖုန်းစိုးဈေးတန်းအရှေ့မြောက်ဒေါင့်မှာသစ်ချိုပင်တပင်ရှိပါသေးတယ်၊ မုံရွာသား မဟုတ်ပေမည့် ဘယ်နေရာ ဘယ် အပင်ရှိတယ်ဆိုတာ မှတ်ထားမိတယ်။ အခုအချိန်က သီးကင်းနုတင်ချိန် အပင်ပေါ်မှာ အပွင့် မရှိတော့ အပွင့်ခြောက်တွေသာ တွေ့ ရတော့တယ်၊ အသီးနုရင်သာ အမွှေးရှိပေမည့် ရင့်ရင် ဝါသွားပြီး ပြောင်သွားမယ်။ မူလတန်းကျောင်းသားဘ၀ က မုန့်ဈေးတန်းမှာ စားဖူးတယ်။ အသီး မှည့်က အဝါရောင်လေးပါ ။ စားကြည့်ရင် ချိုချို ချဉ်ချဉ်လေး မို့ အရသာက တမျိုးလေး ။ အသီးကို ပါးပါးလေးလှီးပြီး ဆားငြုတ်သီး စပ်စပ်လေးနဲ့ သုပ်စားရင်လည်း ရပါတယ်။ အရင်က အပင် အမည်ကို Sideroxylum tomentosum Roxb.,လိုံဘဲသိထားရာကနေ အခုအချိန်မှာတော့ Xantolis tomentosa အဖြစ် အသုံးပြုနေပြီဖြစ်တယ်။ မျိုးရင်းကတော့ ခရေ မျိုးရင်း sapotaceae ထဲကဖြစ်တယ်။ ဒီအပင်က ရှားပါတယ် ၊ အပင်သရုပ် အပင်က small tree ဖြစ်ပြီး 15 m လောက်မြင့်တယ်။ အကိုင်းတွေမှာ အညိုရောင် အမွှေးများရှိပေမည့် ကြီးရင့်လာရင် မရှိတော့ဖူး၊ အရွက် က ရွက်ထီး simple, ရွက်လွှဲ alternate, ရွက်စွယ်မဲ့ exstipulate; ရွက်ညှာတို petioles short, ရွက်ပြားက blades ဘဲဥ ပြောင်းပြန်ပုံ obovate, elliptic-obovate or obovate - oblong ဖြစ်တယ် ။ ပန်းခိုင် Inflorescences ကြားထွက် axially အစုလိုက်ထွက် fascicles of 4 to 8 flowers ဖြစ်တယ်။ ပန်းပွင့်လေးတွေက အဖြူရောင် အဝါဖြော့ဖြော့ white or pale yellow အရောင်ဖြစ်တယ် , လိင်စုံ bisexual, လေးချမ်းညီ , အထက်တည်မ hypogynous ; ပွင့်ဖတ်အုံ Calyx ခွက်ပုံစံ ဖြစ်ပြီး အဝိုက် ၅ ခုပါတယ်။ သံခြေးရောင် အမွှေးတွေ rusty tomentose ရှိတယ်။ ပွင့်ချပ်အုံ Corolla က အဖြူရောင် , ခွက်ပုံ campanulate ဖြစ်တယ်ဘ, အဝိုက်များ အခြေထိဟိုက် deeply lobed, ဝတ်ဆံဖို ၅ ခု Stamens 5, corolla tube အ၀ ကို တွယ်ဆက်နေ ဝတ်ဆံဖို အမြုံ ၅ ခုပါ staminodes 5, အောင်မြင်သော ဝတ်ဆံတန် နဲ့ တလှည့်စီ ရှိနေ ၊ အစေ့အိမ် Ovary ဘဲဥပုံ ovoid, အခန်း ၅ ခန်းရှိပါတယ် ၊ တခန်း တစေ့စီသာရှိ တည်မြဲ ဝတ်မှုံခံတိုင်ရှိ ။ အသီး က Drupes ဖြစ်ပြီး မှည့်ရင် အဝါရောင် yellow when ripeအမေးနုနုလေးတွေ ဖုံးနေ တတ်တယ် puberulous။ နဲနဲလေးပွတ်တိုက်ပြီးစားရရင် တကယ်ကောင်းအရသာ ချိုချို ချဉ်ချဉ်လေးရမှာနော်... ကဲ အခု သတိရသွားပြီးမဟုတ်လား... Kothet naing oo Monywa University ၃.၄.၂၀၂၀

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က
3,589 လွန်ခဲ့သော ၄ လ က

အသီးစေးစေးပိုင်ပိုင်လေးနဲ့ ချိုချိုလေး စားလို့ကောင်းတယ်။ အချို့တွေကလည်း သုပ်စားကြတယ်။ သဘာဝအတိုင်းပဲ ပေါက်နေပြီး သေချာစိုက်တဲ့သူ မရှိလောက်သေးဘူးထင်တယ်။ ဈေးတွေထဲမှာလည်း သိပ်မတွေ့ရတတ်ပါဘူး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။