အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
142
လွန်ခဲ့သော ၄ လ က · ရွှေဘို

ရွှေဝါထွန်းစပါး အနှံပြနေပါပြီ မြေဩဇာနောက်ဆုံးအကြိမ်အနေနဲ့ ဘာမြေဩဇာအမျိုးအစားနဲ့ ဘယ်လောက်နှုန်းကျွေးသင့်ပါလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၅ ရက်
စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၁ ခု

348,957 လွန်ခဲ့သော ၄ လ က

စပါးပင်သက်တမ်း (၇၅) ရက်၊ အနှံစထွက်နေပြီဆိုရင်တော့ စပါးပင်က အစာအာဟာရ အလိုအပ်ဆုံးအချိန်ကို ရောက်နေပါပြီ။ စပါးနှံအောင်ပြီး အစေ့အဆန် တင်းစေဖို့အတွက်ပိုတက်ရှ် (Potash - MOP) နှင့် ယူရီးယား (Urea)ပုလဲကျွေးပေးပါ။ ပိုတက်ရှ်က အစေ့အဆန် ပြည့်ဖြိုးစေပြီး အောင်စေ့များစေပါတယ်။ ယူရီးယား (Urea)ပုလဲကိုအပင်က အရွက်တွေ နည်းနည်းဝါနေရင်တော့ပေါင်းစပ်ကျွေးနိုင်ပါတယ်။ အရွက်တွေ စိမ်းနေရင်တော့ ယူရီးယားကို လျှော့ကျွေးပါ (သို့မဟုတ်) မကျွေးလည်းရပါတယ်။ အနှံထွက်ချိန်မှာ ပိုတက်စီယမ် (Potassium) ပါဝင်မှုများတဲ့အစေ့အဆန်အောင်ဆေး အရွက်ဖျန်းမြေသြဇာကို ပက်ဖျန်းပေးရင်လည်း ပိုပြီးထိရောက်ပါတယ်။ သတိပြုရမှာက ဒီအချိန်မှာ လယ်ထဲမှာ ရေမပြတ်ဖို့ အရေးကြီးသလို၊ ဖြုတ်ပိုးနဲ့ ဂုတ်ကျိုးရောဂါ ကျမကျကိုလည်း ဂရုစိုက်ကြည့်ပေးပါဦးခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။