မြေလွှတ်ဘူးညွှန့်အထွက်နှုန်းကောင်းအောင်ဘာဆေးသုံးသင့်ပါသလဲ
မြေလွှတ်ဘူးစိုက်ပျိုးတဲ့ စိုက်ခင်းမှာ ဘူးညွှန့်သန်ပြီး အထွက်နှုန်းကောင်းစေဖို့အတွက် ယူရီးယား (သို့မဟုတ်) နိုက်ထရိုဂျင်ဓာတ်များတဲ့ မြေဩဇာကို ချင့်ချိန်ကျွေးပေးပါ။ ရွက်ဖျန်းအားဆေးအနေနဲ့ အမိုင်နိုအက်စစ် (Amino Acid) ပါတဲ့ အားဆေးတွေကို (၇-၁၀) ရက်တစ်ကြိမ် ဖျန်းပေးရင် အညွှန့်တွေ သိသိသာသာ သန်လာပါလိမ့်မယ်။အပင်၏အဓိကပင်စည် (၅) ပေလောက်ရောက်ရင် ထိပ်ဖျားကို နှိမ် (ဖြတ်) ပေးပါ။ အဲ့ဒီလိုလုပ်ပေးမှ ဘေးတက်အညွှတ်တွေ အများကြီးထွက်လာမှာ ဖြစ်ပါတယ်။ ဘူးပင်က ရေကြိုက်တဲ့အတွက် မြေမခြောက်အောင် ဂရုစိုက်ပါ။ ဒါပေမဲ့ ရေဝပ်ရင်တော့ အမြစ်ပုပ်တတ်လို့ ရေနုတ်မြောင်းလေးတွေ သေချာဖော်ပေးထားပါ။အညွှန့်တွေကိုဖျက်ဆီးတတ်တဲ့ ပိုးကောင်လေးတွေနဲ့ မှိုရောဂါ မကျအောင် ပုံမှန်စစ်ဆေးပြီး လိုအပ်ရင် ကာကွယ်ဆေး ဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
ဘူးပင်ကအပင်သန်ပြီးအသီးတော့သီးပေမဲ့ အသီးမတင်ဘူးဖြစ်နေပါတယ်၊ဓါတ်မြေဩဇာလည်းမထည့်ချင်တော့ဘာလုပ်ပေးရမလဲသိချင်ပါတယ်....
ဖြေကြားချက် 1 ခု
Tubuconazole ဖျန်းထားတာမနေ့က ဒီနေ့ဒိုင်နိုတီဖြူရမ်ပိုးသတ်ဆေးနဲ့ ကယ်စီဘိုရွန်တွဲဖျန်းလို့ရလားဗျ
ဖြေကြားချက် 1 ခု
ဘူးပင်အပင်ခြေမှာခါးရိဖြစ်နေတာလားမသိဘူး ဘာဆေးသုံးရမလဲဆရာကြီးများ
ဖြေကြားချက် 3 ခု
မေလတွင် ဘူး စိုက်ပျိုးလျှင််ဘယ်လိုမျိုးစိုင်ပျိုးသင့်ပါသလဲ မိုးများသောကာလရောက်လာမယ်ဖြစ်သောကြောင့်စိုက်ပျိုးမယ်...
ဖြေကြားချက် 3 ခု
ဧကရီ၁၂၃ရုံးပတီကခုချိန်စိုက်လို့အဆင်ပြေလားခင်ဗျ.. ဆရာတို့အလင်းပြပါခင်ဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။