အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
241
လွန်ခဲ့သော ၄ လ က · ရမည်းသင်း

ကျွန်တော်တို့ဘက်မှာ ဝါစိုက်ထားပါတယ်ဗျ။ အခုဝါပင်တွေကတစ်လခွဲကျော်ကျော်ရှိနေပါပြီ။ ဒါပေမဲ့ဝါပင်အတော်များများ ငုတ်...

ကျွန်တော်တို့ဘက်မှာ ဝါစိုက်ထားပါတယ်ဗျ။ အခုဝါပင်တွေကတစ်လခွဲကျော်ကျော်ရှိနေပါပြီ။ ဒါပေမဲ့ဝါပင်အတော်များများ ငုတ်တုတ်တွေသေနေတာကျွန်တော်တွေ့လို့ ဆွဲနှုတ်ပြီးကြည့်ကြည့်လိုက်တော့ ဝါပင်မှာရေသောက်မြစ်မထွက်ပဲ ဘုလုံးကြီး(အမြစ်ထွက်ရဲ့မဲ့ပင်စည်‌နေရာ ထုံးပြီး အမြစ်ထွရ်မလာတော့ခြင်း)ဖြစ်ပြီးသေနေတာပါ။ အဲ့တာဘာလုပ်ရမလည်းဗျ။ အခင်းကအတော် ဆုံးရှုံးမှုဖြစ်နေပြီမို့ကူညီကြပါအုံးဗျ။ ကျွန်တော်တင်မဟုတ်ဘဲ ဘေးအခင်းတွေရောဖြစ်နေကြပါတယ်။ တက်သိနားလည်တဲ့ပညာရှင်းများ ပြောပြပေးကြပါအုံးဗျာ 🙏

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
စိုက်ပျိုးစီးပွား ဝါ

ဖြေကြားချက် ၃ ခု

348,948 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

မြစ်ဖု နီမတုတ် (Root-Knot Nematode) ရောဂါ ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ဤရောဂါသည် မြေကြီးထဲရှိ မျက်စိဖြင့် မမြင်နိုင်သော အကောင်ငယ်များကြောင့် ဖြစ်ပွားပြီး၊ ဝါပင်၏ အမြစ်များမှ ရေနှင့် အာဟာရဓာတ် စုပ်ယူမှုကို လုံးဝ ပိတ်ဆို့ပစ်သောကြောင့် အပင်များ ငိုက်ဆင်း ညှိုးသေကုန်ရခြင်း ဖြစ်ပါသည်။ ရောဂါရ အပင်များကို အမြစ်ပါအောင် တူးနှုတ်၍ စိုက်ခင်းပြင်ပ၌ မီးရှို့ပါ။ဝါပင်ခြေရင်း မြေကြီးထဲသို့ ကာဗိုဖျူရန် (Carbofuran 3G) နီမတုတ်နိုင်ဆေး ထည့်ပါ။အမြစ် ပြန်လည် သန်မာစေရန် ပိုတက်ရှ် (Potash) မြေသြဇာ ကျွေးပါ။နောက်ရာသီ စိုက်ပျိုးခါနီးတွင် မြေကို နက်နက်ထွန်ပြီး (၂) ပတ်မှ (၃) ပတ်ခန့် နေပူလှန်းပါ။နောင်နှစ်တွင် ယခုမြေ၌ ဝါ မစိုက်ဘဲ နေကြာ သို့မဟုတ် ပဲမျိုးစုံ ပြောင်းစိုက်ပါ။စိုက်ပျိုးခင်း မြေပြင်ချိန်တွင် နွားချေးဆွေး သို့မဟုတ် ကြက်ချေးဆွေး များများထည့်ပါ။ တမာပိုးသတ်ဆေး သို့မဟုတ် တမာဖတ်များကို မြေခံတွင် သုံးစွဲခြင်းဖြင့်လည်း နီမတုတ် ပွားများမှုကို သဘာဝအတိုင်း ထိရောက်စွာ တားဆီးပေးနိုင်ပါတယ်။

348,948 လွန်ခဲ့သော ၄ လ က

ဟုတ်ကဲ့၊ပုံတင်ပြီးထပ်မေးပေးပါခင်ဗျ

241 လွန်ခဲ့သော ၄ လ က

အခုလိုဖြေပေးတာကျေးဇူးပါဗျ ကျွန်တော်နောက်နေ့စိုက်ခင်းဘက်ထပ်ရောက်ရင် ဓာတ်ပုံပါပြချင်သေးပါတယ်ဆရာရေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။