အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
630
လွန်ခဲ့သော ၄ လ က · ပေါက်

စပ်မျိုးစပါးများကို စိုက်ပြီးရရှိလာတဲ့ စပါးကို မျိုးအဖြစ်ပြန်သုံးချင်လို့ပါ။အဆင်မပြေ ဖြေကြားပေးပါ ဥပမာ နယူးဧရာ...

စပ်မျိုးစပါးများကို စိုက်ပြီးရရှိလာတဲ့ စပါးကို မျိုးအဖြစ်ပြန်သုံးချင်လို့ပါ။အဆင်မပြေ ဖြေကြားပေးပါ ဥပမာ နယူးဧရာ 11 စပါးမျိုးပေါ့ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၁၅ ရက်
စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၄ လ က

F1 စပါးမျိုးဖြစ်တဲ့အတွက် ပြန်စိုက်မယ်ဆိုရင် နဂို F1 တုန်းကလိုမျိုး အစွမ်းပြနိုင်စွမ်းကျသွားနိုင်ပါတယ်။ အထွက်နှုန်းက အရင်နှစ်ကလောက် ရရှိဖို့ မသေချာနိုင်တော့ပါဘူး။

348,301 လွန်ခဲ့သော ၄ လ က

စပ်မျိုးစပါး (Hybrid Rice) မှ ရရှိလာသော စပါးကို မျိုးအဖြစ် ပြန်လည်အသုံးပြုရန် လုံးဝ အဆင်မပြေပါ (မသုံးသင့်ပါ)။ နယူးဧရာ ၁၁ ကဲ့သို့ စပ်မျိုးစပါးကို စိုက်ပါက ရာသီတိုင်းတွင် ဓာတ်ခွဲခန်းထုတ် F1 မျိုးစေ့အသစ် ကိုသာ အမြဲ ဝယ်ယူစိုက်ပျိုးပါ။မိမိဘာသာ မျိုးချန်ပြီး ပြန်စိုက်လိုပါက စပ်မျိုးမဟုတ်ဘဲ ဆင်းသုခ၊ ဧရာမင်း ကဲ့သို့သော တိုက်ရိုက်မျိုးသန့် များကိုသာ ရွေးချယ်စိုက်ပျိုးပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။