ဖြေကြားချက် ၅ ခု
ဗီယက်နမ်၂၀ ပါ စပါးသက်တမ်း ရက်၁၀၀ပါ
အမဲ့ထစပါးမျိုးပါ သက်တမ်းက ၅လမျိုးပါ ကုန်းမြေမှာစိုက်မှာပါ
စပါးမျိုးအမည်နှင့်စပါးပင်၏သက်တမ်းသိရမယ်ဆိုရင် ပိုမိုတိကျစွာဖြေကြားပေးနိုင်ပါမယ်ခင်ဗျာ။ အခုတော့ ယေဘုယျအားဖြင့် မြေခံ မြေဩဇာကျွေးချိန် (နောက်ဆုံးထွန်တုံးရိုက်ချိန်)မှာအမြစ်ပွားအားကောင်းစေရန် တီစူပါ ၁ အိတ် (၅၀ ကီလိုဂရမ်)၊ ပိုတက်ရှ် အိတ်ဝက် (၂၅ ကီလိုဂရမ်) ကို ရောစပ်ထည့်သွင်းပါ။ ပထမအကြိမ်မြေဩဇာကျွေးချိန် (စိုက်ပြီး ၂၁ ရက်မှ ၂၅ ရက်)အတွင်းပင်ပွားအထွက်များစေရန် ယူရီးယား အိတ်ဝက် (၂၅ ကီလိုဂရမ်) ကို သီးသန့်ထည့်သွင်းပါ။ဒုတိယအကြိမ်မြေဩဇာကျွေးချိန် (စိုက်ပြီး ရက် ၅၀ မှ ၅၅ ဖုံးတုံးလုံးတုံးချိန်)အတွင်းစပါးနှံရှည်ပြီး အောင်စေ့များစေရန် ယူရီးယား အိတ်ဝက် (၂၅ ကီလိုဂရမ်) နှင့် ပိုတက်ရှ် အိတ်ဝက် (၂၅ ကီလိုဂရမ်) ကို ရောစပ်၍ ထည့်သွင်းပေးရပါမယ်။
စပါးအထွက်တိုးဖို့အတွက် မြေဩဇာကို ပမာဏအတိုင်းအဆမရှိ ပိုသုံးရုံနဲ့တော့ အထွက်နှုန်း တိုးမလာနိုင်ပါဘူး။ တကယ်တမ်းမှာ မြေဩဇာကို "လိုသလောက်သာ စနစ်တကျ သုံးစွဲခြင်း" က ပိုပြီး အရေးကြီးပါတယ်။ မြေဩဇာကို လိုတာထက်ပိုသုံးရင် ဖြစ်လာနိုင်တဲ့ အားနည်းချက်တွေနဲ့ အထွက်တိုးဖို့ လုပ်ဆောင်သင့်တဲ့ အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ မြေဩဇာ အလွန်အကျွံသုံးခြင်းရဲ့ ဆိုးကျိုးများ ပင်ပိုင်းကြီးထွားမှု လွန်ကဲခြင်း: နိုက်ထရိုဂျင် (ပုလဲ) အလွန်အကျွံသုံးရင် စပါးပင်တွေက အရွက်တွေပဲ သန်ပြီး အရမ်းရှည်လာတတ်ပါတယ်။ ဒါဟာ စပါးပင်ကို လဲလွယ်စေသလို အနှံထွက်တဲ့အခါမှာလည်း အောင်စပါးနည်းသွားစေနိုင်ပါတယ်။ ပိုးမွှားနဲ့ ရောဂါဒဏ်: မြေဩဇာ (အထူးသဖြင့် ပုလဲ) များလွန်းရင် အရွက်တွေက နုဖတ်နေပြီး ပိုးမွှားနဲ့ မှိုရောဂါတွေ ခိုအောင်းဖို့ ပိုလွယ်ကူသွားစေပါတယ်။ ကုန်ကျစရိတ် မြင့်မားခြင်း: မလိုအပ်ဘဲ ပိုသုံးမိတာကြောင့် စိုက်ပျိုးစရိတ်သာ တက်လာပြီး အမြတ်ငွေ လျော့နည်းသွားနိုင်ပါတယ်။ ၂။ စနစ်တကျ အသုံးပြုနည်း (4Rs စနစ်) မြေဩဇာကို အောက်ပါအတိုင်း အချိုးကျ သုံးစွဲတာက အကောင်းဆုံးပါပဲ- အမျိုးအစား မှန်ကန်ခြင်း: မြေဆီလွှာ အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P) နဲ့ ပိုတက်စီယမ် (K) တို့ကို မျှတအောင် သုံးရပါမယ်။ နှုန်းထား မှန်ကန်ခြင်း: စပါးမျိုးအလိုက်နဲ့ မိမိစိုက်ပျိုးတဲ့ မြေအမျိုးအစားအလိုက် ညွှန်ကြားထားတဲ့ အတိုင်းအဆအတိုင်းသာ သုံးစွဲပါ။ အချိန်အခါ မှန်ကန်ခြင်း: စပါးပင်ရဲ့ အရေးကြီးတဲ့ အချိန်တွေဖြစ်တဲ့ (ပန္နက်ရိုက်ချိန်၊ ပင်ပွားထွက်ချိန်၊ အနှံမစမီအချိန်) တွေမှာ ခွဲပြီး ကျွေးတာက အပင်အတွက် ပိုထိရောက်ပါတယ်။ နေရာ မှန်ကန်ခြင်း: မြေပေါ်မှာ ဒီအတိုင်း ကြဲတာထက် မြေကြီးထဲ ထိရောက်အောင် ထည့်သွင်းတာက အာဟာရ ဆုံးရှုံးမှုကို သက်သာစေပါတယ်။ ၃။ အထွက်တိုးဖို့ အခြားနည်းလမ်းများ သဘာဝမြေဩဇာနဲ့ တွဲဖက်သုံးပါ: ဓာတ်မြေဩဇာချည်းပဲ သုံးတာထက် နွားချေး၊ ကွန်ပေါင်း မြေဩဇာ ဒါမှမဟုတ် သစ်စိမ်းမြေဩဇာတွေနဲ့ တွဲသုံးတာက မြေဆီလွှာကို ရေရှည်ကောင်းမွန်စေပါတယ်။ မျိုးကောင်းမျိုးသန့် သုံးပါ: အထွက်နှုန်းကောင်းတဲ့ မျိုးစေ့ကို အသုံးပြုခြင်းက အဓိက ကျပါတယ်။ ရေစီမံခန့်ခွဲမှု: စပါးပင်ရဲ့ အဆင့်အလိုက် လိုအပ်တဲ့ ရေပမာဏကို စနစ်တကျ ထိန်းညှိပေးပါ။ အချုပ်အားဖြင့်ဆိုရရင်- မြေဩဇာကို ပိုသုံးတာထက် အချိုးကျကျနဲ့ အချိန်ကိုက် သုံးစွဲတာကသာ စရိတ်သက်သာပြီး စပါးအထွက်တိုးစေမယ့် နည်းလမ်းကောင်း ဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အသီးအတွက် ကို စပါးနှံမထွက်ခင်ကျွေးတာထိရောက်မူရှိလား အနှံထွက်ပြီးမှကျွေးတာ ထိရောက်မူရှိလား သိချင်ပါတယ်
ဖြေကြားချက် 3 ခု
ရက်90နွေစပါးကျဲခင်း စပါးအနှံစထွက်လာတဲ့အခါ နှံစတိုပီး အသီးကျဲ အစေ့အရေအတွက်နည်းတာဘာကြောင့်လဲ ကျဲခင်းမို့လို့လား
ဖြေကြားချက် 2 ခု
ရက်၉၀ နွေစပါးကျဲခင်း စပါးပင်သက်တမ်းတလျှောက်ဘယ်အချိန်က အစာအများဆုံးစားပီး ဘယ်လိုအချိန်မှာ အစာအများဆုံးကျွေးရမလဲ...
ဖြေကြားချက် 1 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူ...
ဖြေကြားချက် 6 ခု
စပါးပင် 1 လ သားပါ အပင်မတက်ဘဲ အပုနေလို့ ဘယ်လိုကုသရမလဲ
ဖြေကြားချက် 2 ခု