အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
417
လွန်ခဲ့သော ၄ လ က · ပြည်

မြေပဲ စိုက်ဖို့ မြေဩဇာ အနေနဲ့ ဖွဲနု ဂျစ်ဆင်အမှုန့် မီးသွေးမှုန့် ပဲဖတ်မှုန့် နွားချေးခြောက်မှုန့် တို့ကို ရော...

မြေပဲ စိုက်ဖို့ မြေဩဇာ အနေနဲ့ ဖွဲနု ဂျစ်ဆင်အမှုန့် မီးသွေးမှုန့် ပဲဖတ်မှုန့် နွားချေးခြောက်မှုန့် တို့ကို ရောပြီး ထည့်ပေးလို့ ရပါသလား ဓာတ်မြေဩဇာမသုံးပဲ စိုက်ချင်ပါတယ် သင့်တော်မယ့် ပေါင်းစပ်ပုံနဲ့ ကျွေးသင့်တဲ့ ပမာဏနဲ့ အချိန်လေးပါ သိချင်ပါတယ် ငါးအမိုင်နိုနဲ့ EM လည်းအနည်းငယ် ပြုလုပ်ထားပါတယ်

အပင်အာဟာရ မြေပဲ

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ဓာတုဗေဒမြေဩဇာ လုံးဝမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးရန် ပြင်ဆင်ထားသည့်အတွက် အလွန်ကောင်းမွန်ပါတယ်။ ပါဝင်ပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်ရန် တစ်ဧကလျင်နွားချေးခြောက်မှုန့်(၅) စီးမှ (၁၀) စီး (မြေခံ မြေဆီလွှာအတွက်)ပါ။ မြေပွရန်နှင့် ပိုတက်စီယမ်အတွက်ဖွဲပြာ ကို (‌၁၀) တင်းခန့်ထည့်ပါ။ နိုက်ထရိုဂျင် အပင်ကြီးထွားရန်ပဲဖတ်မှုန့်ကို(၅) ပိဿာမှ (၁၀) ပိဿာခန့်ထည့်သွင်းပါ။ မြေပဲဥ အောင်မြင်စေရန်ဂျစ်ဆမ် (Gypsum)ကို (၁) အိတ်မှ (၂) အိတ် မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပါ။ မစိုက်ပျိုးမီ (၁၅) ရက်အလိုမှာ နွားချေး၊ ဖွဲပြာ၊ မီးသွေးမှုန့်၊ ပဲဖတ်မှုန့်တို့ကို ရောစပ်ပြီး EM ဖျော်ရည် ဖျန်း၍ အစိုဓာတ်ဖြင့် နှပ်ထားပါ။ ၎င်းနောက် မြေပြင်ချိန်တွင် မြေထဲထည့်မွှေပါ။ ဂျစ်ဆမ်ဆင်တစ်ဝက်ကို မြေပြင်ချိန်တွင် ထည့်ပါ။ ကျန်တစ်ဝက်ကို မြေပဲပန်းပွင့်ပြီး စွယ်ဆင်းချိန် တွင် အပင်ခြေ၌ မြေဖုံးရင်း ထည့်ပေးပါ။ ငါးအမိုင်နိုအက်ဆစ်ကို အပင်ပေါက်ပြီး (၁၅) ရက်သားမှစ၍ (၁၅) ရက်တစ်ကြိမ် အရွက်ဖျန်းမြေဩဇာအဖြစ် ဖျန်းပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။